(၃-၄-၂၀၂၃) ရက်နေ့မှ (၅-၄-၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၆) ကြိမ်မြောက် အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီအစည်းအဝေးသို့ ပါဝင်တက်ရောက်မှု

Tue, 04/04/2023 - 10:22 -- regionaldep

      ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၆) ကြိမ် မြောက် အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီအစည်း အဝေးသို့ ကုန်သွယ်ရေးဦးစီးဌာနမှ Video Conference စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

       အဆိုပါ အစည်းအဝေးသို့ Video Conferencing စနစ်ဖြင့်အာဆီယံနိုင်ငံအသီးသီးမှ ATF-JCC အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်စုစုပေါင်း (၄၃) ဦးပါဝင် တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂)ဦး၊ အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ် (၂) ဦး စုစုပေါင်း (၄) ဦးသည် Online စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ၏ ဆွေးနွေးမှုရလာဒ်များ၊ အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး လုပ်ငန်းအစီအစဉ်များ၊ အာဆီယံဒေသတွင်း မရှိမဖြစ်ကုန်စည်များအပေါ် NTMs များ မချမှတ်ရေးဆိုင်ရာ MOU တွင် ကုန်စည်စာရင်းများ ထပ်မံဖြည့်စွက်ရေးကိစ္စရပ်များ၊ အာဆီယံ‌‌ဒေသတွင်း NTMs ဆိုင်ရာ ကတိကဝတ်များ အကောင်အထည်ဖော်ရေး လမ်းညွှန်ချက်များ၊ အဖွဲ့ဝင်နိုင်ငံများအကြား ကာလကြာရှည်စွာဖြစ်ပွားနေသော အငြင်းပွားမှုများကိုဖြေရှင်းရန်ကိစ္စရပ်များ၊ အာဆီယံ ဒေသတွင်း ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာညွှန်းကိန်းများ စစ်တမ်းနှင့် ကုန်သွယ်မှု ကုန်ကျစရိတ်လျော့ချရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင် အထည် ဖော်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းအစီအစဉ်များ၊ ပုဂ္ဂလိက ကဏ္ဍ အကြံပြုချက်များနှင့် NTMs များအနေဖြင့် ကုန်သွယ်မှုကိုအတားအဆီးမဖြစ်စေရန် ဘက်စုံထောင့်စုံမှ လေ့လာဆန်းစစ်မည့်အစီအစဉ်ကို မိမိသဘောဆန္ဒအရ အကောင်အထည် ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။