(၂၆)ကြိမ်မြောက် အာဆီယံ-ဩစ​တြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှု ဒေသပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာဆပ်ကော်မတီအစည်းအဝေးသို့ပါဝင်တက်ရောက်ခဲ့မှု

Mon, 07/31/2023 - 15:13 -- regionaldep

    (၂၆) ကြိမ်မြောက် အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာဆပ်ကော်မတီအစည်း အဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့မှ (၂၆) ရက်နေ့အထိ Video Conference စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ် (၂) ဦး နှင့် အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ် (၂)ဦးတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

   အစည်းအဝေးတွင် သီးသန့်စည်းမျဉ်း PSR HS 2022 ကူးပြောင်းချိတ်ဆက်ခြင်း အပေါ် ပူးတွဲကော်မတီ၏အတည်ပြုချက်ကို မှတ်တမ်းတင်ခြင်း၊ သီးသန့်စည်းမျဉ်း PSR HS 2022 ကူးပြောင်းချိတ်ဆက်ရာတွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ၊ သီးသန့်စည်းမျဉ်း PSR HS 2017 မှ HS 2022 သို့ကူးပြောင်းချိတ်ဆက်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့သော အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသစီမံကိန်း ၏ စီမံကိန်း ပြီးစီးမှုအစီရင်ခံစာ၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အကောက်ခွန်ဌာနများ (Receiving Authorities) က ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (CO Form AANZ) ကိုလက်ခံနိုင်မှုဆိုင် ရာဖြေလျော့မှုများကို ဆက်လက်ထားရှိခြင်း ရှိ-မရှိ၊ အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသအောက်ရှိ ပင်ရင်းနိုင်ငံဆိုင်ရာဆပ်ကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ၊ နားလည်မှုများနှင့် ရှင်လင်းချက်များကိုစုပေါင်း၍ ဝက်ဘ်ဆိုက်တွင် တင်ဆောင်ခြင်း၊ လက်မှတ်နမူနာများကိုဝက်ဘ်ဆိုက်တွင် ထည့်သွင်းနိုင်ရေးနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် ကိုယ်စားလှယ်အမည်စာရင်းများအား ပေးပို့နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။