၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသည့် ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်ဆိုင်ရာဒုတိယအကြိမ်အထူးအစည်းအဝေး (First Special CCS Meeting on ASFF) သို့ ပါဝင်တက်ရောက်ခဲ့မှု

Wed, 07/05/2023 - 07:14 -- regionaldep

      ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်ဆိုင်ရာ ဒုတိယအကြိမ် အထူးအစည်းအဝေး (Second Special CCS Meeting on ASFF) ကို စင်ကာပူနိုင်ငံ၌  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှ ၇ ရက်အထိကျင်းပပြုလုပ်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ်(၁) ဦးနှင့် ထိုင်းနိုင်ငံမှ အရာထမ်းကိုယ်စားလှယ်များအနေဖြင့် Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါအစည်းအဝေး၌ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်ပြဋ္ဌာန်းချက် (Text) အပေါ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားရပ်တည်ချက်များကိုလည်းကောင်း၊ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်၏ လုပ်ငန်းအစီအစဉ်များကိုလည်းကောင်းဆွေးနွေးလျက်ရှိပါသည်။