၂ဝ၁၃ ခုနှစ်တွင် ဗီယက်နမ်ဆန် တန် ၇ ဒသမ ၅ သန်းကျော်တင်ပို့ သွားမည်

Mon, 05/13/2013 - 10:31 -- admin

အင်္ဂါနေ့ ။ ၁၅  ဇန်နဝါရီလ ၂၀၁၃ 11:05 AM

ဗီယက်နမ် ဆန် တင်ပို့သူ များဟာ ၂ဝ၁၃ ခုနှစ်မှာ အနည်းဆုံး ဆန် တန်ချိန် ၇ ဒသမ ၅ သန်း ကျော်တင်ပို့ သွားရန် မျှော်မှန်း ထားပါတယ်။ ယမန်နှစ် တင်ပို့မှု ထက်တော့ လျော့နည်း နိုင်တယ်လို့ ဗီယက်နမ် အစားအစာ အသင်း (VFA- Vietnam Food Association) ဥက္ကဌ Truong Thanh Phong က ဇန်နဝါရီလ ၇ ရက်နေ့က ဟိုချီမင်း မြို့တော်မှာ ကျင်းပတဲ့ ညီလာခံမှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁၃ မှာ အာရှတိုက်ကို ကြည့်လျှင် ထုတ်လုပ်မှု ပိုမိုပြီး လိုအပ်ချက် လျော့နည်း နိုင်မယ်လို့လည်း Phong က ပြောကြားခဲ့ ပါတယ်။

အမေရိကန် စိုက်ပျိုးရေး ဌာနက ၂ဝ၁၃ ခုနှစ်မှာ ဆန် တန်ချိန် ၃၆ သန်းကျော် ကုန်သွယ်မှု ပြုနိုင်မယ်လို့ ဟောကိန်းထုတ် ပြောကြားပြီး ၂ဝ၁၂ ခုနှစ်ထက် ၆ ရာခိုင်နှုန်း ကျော်လျော့နည်း နိုင်တယ်လို့ ဆိုပါတယ်။ VFA ကတော့ ၂ဝ၁၃ ခုနှစ် ပထမ လေးလပတ် မှာတော့ ချုပ်ဆိုတဲ့ စာချုပ် အချို့ အတွက် ဗီယက်နမ် ဆန် တင်ပို့သူများ အခက်အခဲနဲ့ ကြုံတွေ့ ရဖွယ်ရှိတယ်လို့ ဟောကိန်း ထုတ်နေပါတယ်။ ဆောင်းဦးပေါက် သီးနံှဟာ ဖေဖေါ်ဝါရီလမှာ ရိတ်သိမ်းတော့မှာ ဖြစ်တဲ့ အတွက် ပုံမှန် ထက် တစ်လ စောနိုင်တယ်လို့ သိရပါတယ်။ ဗီယက်နမ် မိရိုး ဖလာ ဈေးကွက် များဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နိုင်ငံတွေမှာ ၎င်းတို့ နိုင်ငံ အနေနဲ့ စပါးထွက်ရှိမှု ပိုမို လာနိုင်ချေ ရှိတယ်လို့ တွက်ဆ လျက်ရှိပါတယ်။

၂ဝ၁၃ ခုနှစ်မှာ ဗီယက်နမ် ဆန်ကို အာရှမှ ၇၁ ရာခိုင်နှုန်းနဲ့ အာဖရိကမှ ၂၁ မှ ၂၃ ရာခိုင်နှုန်းခန့် ထိဝယ်ယူ နိုင်ဖွယ်ရှိ တယ်လို့ Phong က ပြောပါတယ်။

၂ဝ၁၃ ခုနှစ်မှာ ဆန်တန် ၇ ဒသမ ၆ သန်းကျော် ထုတ်လုပ် နိုင်မှာဖြစ်ပြီး ပထမ လေးလပတ်မှာ ဆန်တန် ၁ ဒသမ ၄ သန်းကျော် တင်ပို့ နိုင်မယ်လို့ VFAက ခန့်မှန်း လျက်ရှိ ပါတယ်။

ကြိုတင် ခန့်မှန်းလို့ ရနိုင်တဲ့ အခက်အခဲများ ရှိနေ သော်ငြားလည်း ဗီယက်နမ် ဆန်တင်ပို့ သူများ အနေနဲ့ အရည် အသွေးကောင်း အာမခံချက် ရှိသော ဆန်များ တင်ပို့ နိုင်မှသာ ဈေးကွက် အသစ်များ အတွက် အလားအလာ ကောင်းများ ရရှိစေနိုင် မယ်လို့ An Giang Import -Export ကုမ္ပဏီမှ ဒါရိုက်တာ Nguyen Vam Tien က ထောက်ပြ ပြောဆိုခဲ့ ပါတယ်။

VFA က စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီး ဌာန အနေနဲ့ အာဖရိက နိုင်ငံများနဲ့ ကုန်သွယ်မှု တိုးမြှင့်ရေး ဆောင်ရွက် သင့်ကြောင်းနဲ့ တရုတ် နိုင်ငံနဲ့ ပိုမို တိုးမြှင့် ဝယ်ယူရေး ညှိနှိုင်း ဆောင်ရွက် သင့်တယ်လို့ အကြံပြု ပြောကြားခဲ့ ပါတယ်။ တရုတ် နိုင်ငံဟာ ၂ဝ၁၂ ခုနှစ်မှာ ဗီယက်နမ် ဆန် အများဆုံး ဝယ်ယူ တင်သွင်း ခဲ့ပါတယ်။

Source: VNA/VOV Online (CMK)