ဧရာဝတီတိုင်းဒေသကြီးအတွင်း Mobile Van ဖြင့် စားသောက်ကုန်များ စစ်ဆေး

Fri, 12/26/2014 - 12:11 -- dccaadmin

 

ဧရာဝတီ တိုင်းဒေသကြီးအတွင်း မအူပင်၊ ပုသိမ်၊ မြောင်းမြမြို့များရှိ ဈေးများအတွင်း ရောင်းချနေသော စားသောက်ကုန်များတွင် စားသုံးသူပြည်သူ လူထုအတွက် ဘေးအန္တရာယ်ဖြစ်စေသော ဓါတုဆေးဝါးများ၊ စားသုံးရန် မသင့်သော ဆိုးဆေး များ ပါဝင်မှုရှိ/ မရှိ၊ နယ်လှည့် Mobile Van ဖြင့်ကွင်း ဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာမှာ ဧရာဝတီ တိုင်းဒေသကြီး အစား အသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ သက်ဆိုင်ရာ မြို့ နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့မှ ဝန် ထမ်းများ ဝိုင်းဝန်း ပါဝင် ကူညီဆောင်ရွက် ခဲ့ပါတယ်။ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မျှင်ငါးပိ၊ ငါးငပိ၊ ပုစွန်ချဉ်၊ ပဲပြား၊ ချဉ် ဖတ် ၊ပုစွန်ခြောက်၊ အရောင်တင်မှုန့်၊ လက်ဖက်၊ ဂျင်းနှပ်၊ ပဲနို့အချိုရည်၊ ဂျယ်လီ၊ ဒေသထွက်အချိုရည်၊ ဝေဖာမုန့်၊ မုန့်ဆမ်း၊ ဆီးယိုထုပ်၊ မက်မန်းသီးထုပ်၊ မျှစ်၊သကြားချောင်း၊ ချက် နို့ဆီ၊ ဝက်အူချောင်း၊ ဝက်အူလုံး၊ ကြံသကာ၊ ထန်းလျက်၊ ငရုတ် သီးမှုန့်၊ ငရုတ်ဆီ၊ နနွင်းမှုန့် စသည့်စားသောက်ကုန်များ နမူနာရယူစစ်ဆေးခြင်းနဲ့ တားမြစ်အလှကုန်ပစ္စည်းများဖြစ်သော Polla မိတ်ကပ်၊ Baschi မိတ်ကပ်များ သိမ်းဆည်းခြင်း၊ အခြားအလှကုန်ပစ္စည်းများ နမူနာရ ယူစစ်ဆေးခြင်း များဆောင် ရွက် ခဲ့ကြတယ်လို့ သတင်းရရှိ ပါတယ်။

         

                                                                         

     CONSUMER AYEYAR