ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆားမလောက်/ လှည်းဆိပ်ကျေးရွာများရှိ ငါးခြောက် လုပ်ငန်းရှင်များ အား ယင်မနားဆေး (Trichloroform) အသုံးမပြုရေး အသိပညာပေးဆွေးနွေး

Fri, 12/26/2014 - 12:24 -- dccaadmin

 

ဧရာဝတီတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဒေသ ကြီးဦးစီးမှူး  ဦးစောမိုက်ကယ်နှင့် ဝန်ထမ်း (၄) ဦး၊ အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ပြည့်ဖြိုး၊ ဦးစီး အရာရှိ ဒေါက်တာ မျိုးထွန်းကျော်နှင့် ဝန်ထမ်း(၁)ဦး၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းစိုး တို့ပါဝင်သော အဖွဲ့သည် ဧရာဝတီ တိုင်းဒေသကြီး အတွင်းငါးခြောက် ထွက်ရှိရာ ဒေသဖြစ်သော ညောင်တုန်းမြို့နယ်၊ ဆားမေ လာက်ကျေးရွာ မြို့လယ် ဓမ္မာရုံ၌၂၂-၁၂-၂၀၁၄ရက်နေ့ နံနက်ဝ၉ းဝ၀ နာရီအချိန်တွင် ငါးခြောက် လုပ်ငန်းရှင်များ၊ မြို့နယ်လူမှု ရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အင်အား(၇၅) ဦးအား လည်းကောင်း၊ မွန်းလွဲ၂ း ဝ၀ နာရီအချိန် တွင် ကျောင်းကုန်း မြို့နယ်၊ လှည်းဆိပ်ကျေးရွာရှိ  ငါးခြောက် လုပ်ငန်း ရှင်များ၊ မြို့နယ် လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ များတက်ရောက်သူ (၁၁၄) ဦးအား လည်းကောင်း တွေ့ဆုံ၍အသိ ပညာပေးဟောပြောဆွေးနွေး ခဲ့ပါသည်။ ဧရာဝတီ တိုင်းဒေသကြီး စားသုံး သူရေးရာဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစောမိုက်ကယ်မှ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ များနှင့် လက်ရှိဆောင်ရွက်နေမှု များကိုလည်းကောင်း၊ တိုင်းဒေသကြီး အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာပြည့်ဖြိုးမှ ငါးခြောက် ယင်မနားဆေး (Trichloroform) အသုံးမပြုရေးနှင့် အန္တရာယ်ဆိုးကျိုးများ၊ ဥပဒေကြောင်းအရ တားမြစ်ပြဌာန်း ထားချက်များ အားလည်းကောင်း၊  တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းစိုးမှ ပိုးသတ်ဆေးသုံးစွဲ မှုကိစ္စ နှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက် ရမည့်အချက်များကို လည်းကောင်း အသိပညာပေးဟော ပြောဆွေးနွေးခဲ့ ကြောင်းသတင်း ရရှိပါသည်။

                                                                            

  CONSUMER AYEYAR