ဧပြီလ ၁ ရက်နေ့မှစ၍ စစ်တွေနယ်စပ်တွင် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကတ် (ITC) နဲ့ကုန်သွယ်မှုပြုနိုင်ပြီ

Tue, 05/14/2013 - 10:40 -- admin

ဗုဒ္ဓဟူးနေ့ ၁၁ ဧပြီလ  ၂၀၁၃ 13 :29  PM

တစ်ဦးတည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် (Individual Trading Card - ITC) နဲ့ ကုန်သွယ်မှု ပြုလုပ်ခွင့် ကိုဧပြီလ ၁ ရက်နေ့မှ စပြီး စစ်တွေ နယ်စပ်မှာ ဆောင်ရွက် ခွင့်ပေးထား ပြီလို့ မတ်လ ၂၂ ရက်နေ့က ကျင်းပ ပြုလုပ်တဲ့ စစ်တွေ ကူးသန်းရောင်း ဝယ်ရေးနဲ့ စားသုံးသူ အကာအကွယ် ပေးရေး နယ်စပ်စခန်း ရဲ့ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးရန်နိုင်မြင့်က ပြောကြား ခဲ့တာဖြစ် ပါတယ်။

တစ်ဦးတည်း ပိုင်ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကတ်နဲ့ တမူး ကူးသန်း ရောင်းဝယ် ရေးစခန်းမှာ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်၊ မူဆယ် ၁ဝ၅မိုင် ကူးသန်း ရောင်းဝယ် ရေးဇုန်နဲ့ မြဝတီ ကူးသန်းရောင်း ဝယ်ရေး ဇုန်တို့တွင် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့၊ တာချီလိတ် ကူးသန်းရောင်း ဝယ်ရေး စခန်းတွင် ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့ တို့မှစပြီး လုပ်ဆောင် ခွင့်ပေးထား ပြီးဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့ အထိ နယ်စပ်အလိုက် ITC ကတ်နဲ့ ကုန်သွယ်မှု ဆောင်ရွက်နိုင် မှုအခြေအနေ များကို ဖော်ပြ ပေးလိုက် ရပါတယ် -










  တန်ဖိုး -ကျပ်သန်းပေါင်း
စဉ် စခန်း
အမည်
လုပ်ငန်းစတင်
ဆောင်ရွက်သည့်နေ့
ITC ကဒ်
အရေ
အတွက်
လုပ်ငန်းဆောင်ရွက်မှု ကုန်သွယ်မှု
ပမာဏ
ပို့ကုန် သွင်းကုန်
စောင်ရေ တန်ဖိုး စောင်ရေ တန်ဖိုး
တမူး ၂၁/၁၁/၂၀၁၂ ၆၈ ၃၅.၈ဝ၁ ၁၂၄ ၃၂၇.၈ဝ၄ ၃၆၃.၆ဝ၅
မူဆယ် ၀၁/၁၂/၂၀၁၂ ၁၄၂ - - ၁၁၁ ၁၉၈.၈၈၁ ၁၉၈.၈၈၁
မြဝတီ ၀၁/၁၂/၂၀၁၂ ၃၄ - - ၁၃ ၂၇.၃၅၉ ၂၇.၃၅၉
တာချီလိတ် ၀၁/၀၂/၂၀၁၃ ၄၁ - - ၁၈ ၃၆.၉၇၄ ၃၆.၉၇၄
  စုစုပေါင်း ၂၈၅  ၃၅.၈ဝ၁ ၂၆၆ ၅၉၁.ဝ၁၈ ၆၂၆.၈၁၉

                                                                    

ITC ကတ်နဲ့ ပို့ကုန် ဆောင်ရွက်မှုဟာ တမူးစခန်း တစ်ခုမှာ သာရှိပြီး မူဆယ်၊ မြဝတီနဲ့ တာချီလိတ် ကူးသန်းရောင်း ဝယ်ရေးစခန်းများ မှာတော့ ITC ကတ်နဲ့ ပို့ကုန်ဆောင် ရွက်မှုမရှိဘဲ သွင်းကုန် ကိုသာဆောင် ရွက်မှု များပြား လျက်ရှိပါတယ်။ ITC ကတ်နဲ့ ပို့ကုန် သွင်းကုန် ဆောင်ရွက်မှု ကိုနှိုင်းယှဉ် ကြည့်လျှင် ITC ကတ် အရေအတွက် အားဖြင့် ၄၅ ဆ၊ တန်ဖိုးအားဖြင့် ၁၆ ဆခန့် သွင်းကုန် ဆောင်ရွက်မှုက ပိုမိုလျက် ရှိတယ်လို့ သိရပါတယ်။

Source: (Ka Tha Sa) HQ Ya Pa Ma         ပန်