အိန္ဒိယသို့ သဘာဝ ရော်ဘာ တင်သွင်းခွန် တိုးမြှင့် စည်းကြပ် နိုင်ဖွယ်ရှိ

Tue, 05/14/2013 - 08:44 -- admin

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 10 း 57 AM

ကမ္ဘာ့ ရော်ဘာ ထုတ်လုပ်မှု စတုတ္ထနေရာမှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံဟာ ရော်ဘာဈေးကျဆင်းနေမှုအား ကျားကန်နိုင်ရန် အတွက် အိန္ဒိယသို့ တင်သွင်းလာမဲ့ သဘာဝ ရော်ဘာများ အပေါ် သွင်းကုန်ခွန် ၇ဝ ရာခိုင်နှုန်း ကို မြန်နိုင် သမျှ မြန်မြန်ပင် စည်းကြပ် ကောက်ခံ သွားမယ်လို့ အစိုးရဌာန တစ်ခုနဲ့ ရော်ဘာ လုပ်ငန်း ၂ ခုတို့မှ Reuters သတင်း ဌာနကို ပြောကြား ခဲ့ပါတယ်။

.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

အစိုးရ အနေနဲ့ သွင်းကုန်ခွန်ကို အနိမ့်ဆုံး ၂ဝ ရာခိုင်နှုန်း ပုံသေ သတ်မှတ်ပြီး စည်းကြပ် လိုကြောင်း၊ လက်ရှိမှာ သွင်းကုန်ခွန် ၂ဝ ရာခိုင်နှုန်း စည်းကြပ် နေတယ်လို့ အစိုးရမှ ကိုင်တွယ် လုပ်ကိုင် နေတဲ့ ရော်ဘာဘုတ် အဖွဲ့မှ အမည် မဖော်လိုသူ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

အရောင်းအဝယ် ပါးနေတဲ့ လွန်ခဲ့တဲ့ ၅ လခန့်ကစပြီး ရော်ဘာဈေးဟာ၂ဝ ရာခိုင်နှုန်း နီးပါး ကျဆင်းနေ ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ သဘာဝ ရော်ဘာများကို မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်း လျက်ရှိတာ ဖြစ်ပါတယ်။

ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက Kerala ပါလီမန် အဖွဲ့ဝင် အမတ်များရဲ့ သွင်းကုန်ခွန် တိုးမြှင့် စည်းကြပ်မဲ့ ကိစ္စနဲ့ စပ်လျဉ်းပြီး ကြေငြာချက် ထုတ်ပြန် နိုင်ရေး စီစဉ်လျက် ရှိနေတယ်လို့ ဦးဆောင် တာယာကုမ္ပဏီ တစ်ခုမှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတစ်ဦးက ဆိုပါတယ်။ အိန္ဒိယ တောင်ပိုင်းရှိ Kerala ပြည်နယ်မှ သဘာဝ ရော်ဘာထွက် ရှိမှုဟာ အိန္ဒိယ နိုင်ငံတစ်နိုင်ငံလုံး သဘာဝ ရော်ဘာ ထုတ်လုပ်မှုရဲ့ ၉ဝ ရာခိုင်နှုန်း နီးပါးရှိနေ ပါတယ်။ အများဆုံး ကုန်သွယ်မှု ပြု RSS-4 (Ribbed, Smoked Sheet) ရဲ့ ု Kottayam ကုန်စည်ဒိုင် ပေါက်ဈေး ကတော့ ၁ တန်ကို ၁၅၆၅ဝဝ ရူပီး၊ ဒေါ်လာအားဖြင့် ၂၉၂၅ ပေါက်လျက် ရှိပါတယ်။

အိန္ဒိယကားတာယာလုပ်ငန်းအကြိုက်ဖြစ်တဲ့ မလေးရှားရော်ဘာ SMR-20 ၁ တန်ကို ၁၅၈၁၈ဝ ရူပီး (၂၉၅၆ ဒေါ်လာ) ဈေးနဲ့ တင်သွင်း ရလျက် ရှိပါတယ်။ အိန္ဒိယနိုင်ငံမှ SMR-20 မလေးရှား နိုင်ငံမှ တင်သွင်း ရာမှာ သွင်းကုန်ခွန် ၂ဝ ရာခိုင်နှုန်း စည်းကြပ် နေခြင်း ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ် ဘဏ္ဍာနှစ် စဖြစ်တဲ့ ဧပြီလ ၁ ရက်နေ့မှ ၁ဝ လ တာကာလ အတွင်းမှာ သဘာဝ ရော်ဘာ ၁၉၇၁၁၃ တန် ပြည်ပမှ တင်သွင်းခဲ့ရပြီး ယခင်နှစ် ကာလတူ ထက် ၁၉ ရာခိုင်နှုန်း ပိုမိုခဲ့ပါတယ်။

တိုကျိုကြိုပွိုင့် ဈေးများ လွန်ခဲ့တဲ့ ၁ဝ လကထက် ကျဆင်း လာပြီးတဲ့နောက် ထိုင်းရော်ဘာ အဆင့် -၃ (RSS-3) ရဲ့ မတ်လမှ မေလအတွင်း ဈေးဟာ ၁ တန်ကို ဒေါ်လာ ၂၉၇ဝ မှ ၃ဝဝဝ ကြား ပေါက်လျက်ရှိပြီး နိုဝင်ဘာလက စကြည့် မယ်ဆိုလျှင် အနိမ့်ဆုံး ဈေးဖြစ်ပါတယ်။ အင်ဒိုနီးရှား ရော်ဘာ (RSS-3) ကတော့ ဒေါ်လာ ၂၉၁၇ မှ ၃ဝဝဝ ကြား ဈေးပေါက် နေတယ်လို့ သိရပါတယ်။

Source: The Economic Times                                                                     CMK