အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု ဒေသ၏ စတုတ္ထအကြိမ်မြောက် ပင်ရင်းနိုင်ငံ စည်းမျဉ်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲအစည်းအဝေး အတွက် ပထမအကြိမ်အာဆီယံနိုင်ငံများ အချင်းအချင်းအကြား ညှိနှိုင်းအစည်းအဝေးသို့ပါဝင်တက်ရောက်ခဲ့မှု

Mon, 07/31/2023 - 15:34 -- regionaldep

    အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုဒေသ၏ စတုတ္ထအကြိမ်မြောက် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲအစည်းအဝေးအတွက် ပထမအကြိမ် အာဆီယံနိုင်ငံများ အချင်းအချင်းအကြား ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မလေးရှားနိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုနှင့်စက်မှုဝန်ကြီးဌာနမှ Mr. Aziz Sharkawi က ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာန တို့မှ ကိုယ်စားလှယ် (၄) ဦး တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေးတွင် ကနေဒါနိုင်ငံက အဆိုပြုထားသော ပင်ရင်းနိုင်ငံစည်းမျဉ်း(မူကြမ်း) ပါအချက်များ၊ ကနေဒါနိုင်ငံက အဆိုပြုထားသော ပင်ရင်းဆိုင်ရာလုပ်ငန်းစဉ်များ(မူကြမ်း) ပါအချက်များ၊ ကနေဒါနိုင်ငံက အဆိုပြုတင်ပြထား သော ထုတ်လုပ်တင်ပို့သူ ကိုယ်တိုင်ဆောင်ရွက်နိုင်သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် ထုတ်ယူခြင်းလုပ်ငန်းစဉ်၊ ပြန်လည်အသုံးပြုနိုင်သောပစ္စည်း၊ ပြန်လည်ထုတ်လုပ်ထားသောကုန်စည်များ၊ အပြည့်အဝပေါင်းစပ်တွက်ချက်ခြင်း၊ အသားတင်ကုန်ကျစရိတ်နှင့် ဘောင်မဝင်ကုန်ကြမ်းပါဝင်မှု ခေါင်းစဉ်များနှင့်ပတ်သက်၍ ဖြစ်နိုင်ဖွယ်ရှိသော စွမ်းဆောင်ရည်မြှင့်တင်မှုကိစ္စရပ်များ၊ အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုဒေသ ပင်ရင်းနိုင်ငံစည်းမျဉ်းဆပ် ကော်မတီ အစည်းအဝေးများ ကျင်းပနိုင်ရေး လုပ်ငန်းအစီအစဉ်ဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။