အာဆီယံသည် ဗီယက်နမ်နိုင်ငံရဲ့ တတိယအကြီးဆုံး ဈေးကွက် ဖြစ်လာ

Tue, 05/14/2013 - 05:08 -- admin

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 15:39 PM

ဝ၁၂ ခုနှစ်တွင် ဗီယက်နမ်နဲ့ အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၁၇ ဒသမ ဝ၈ ဘီလီယံထိဆောင်ရွက်နိုင်ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၂၅ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုခဲ့ပါတယ်။ ဥရောပသမဂ္ဂနိုင်ငံများနဲ့ အမေရိကန်ပြီးလျှင် အာဆီယံနိုင်ငံဟာ ဗီယက်နမ်နိုင်ငံရဲ့ တတိယအကြီးဆုံး ပို့ကုန်ဈေးကွက်ကြီးဖြစ်လာပါတယ်။ ထိုကဲ့သို့ပို့ကုန်တိုးမြင့်လာရခြင်းမှာ ကွန်ပူျတာနှင့်ကွန်ပူျတာဆက်စပ် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနဲ့အပိုပစ္စည်းများ၊ တယ်လီဖုန်းနဲ့ဆက်စပ်ပစ္စည်းများ၊ ရော်ဘာ၊ သံနဲ့သံမဏိ၊ ကော်ဖီတို့ ပိုမိုတင်ပို့နိုင်၍ဖြစ်ပါတယ်။ အာဆီယံနိုင်ငံများထဲတွင်လည်း စင်္ကာပူနိုင်ငံဟာ အကြီးဆုံးသော ကုန်သွယ်ဖက် နိုင်ငံဖြစ်ပါတယ်။ ပြီးလျှင် ထိုင်း၊ မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့နဲ့ကုန်သွယ်မှုဟာ များပြား လျက်ရှိပါတယ်။ နိုင်ငံအလိုက်ပို့ကုန် ကုန်သွယ်မှု ဆောင်ရွက်နိုင်မှုများ မှာ စင်္ကာပူဒေါ်လာ ဘီလီယံ ၉ ဒသမ ဝ၃၊ ထိုင်း ဒေါ်လာ ဘီလီယံ ၈ ဒသမ ၄၁၊ မလေးရှား ဒေါ်လာ ဘီလီယံ ၇ ဒသမ ၉၁၊ အင်ဒိုနီးရှား ဒေါ်လာ ဘီလီယံ ၄ ဒသမ ၆၁၊ ဖိလစ်ပိုင် ၂ ဒသမ ၈၄ ဘီလီယံ၊ လာအို ဒေါ်လာ ၈၆၆ သန်း၊ ဘရူနိုင်း ဒေါ်လာ ၆၂၇ သန်းနဲ့ မြန်မာ ဒေါ်လာ ၂၂၇ သန်း အသီးသီးဖြစ်ပါတယ်။ သွင်းကုန်ပိုင်းကိုကြည့်လျှင် မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့နဲ့ အများဆုံးဆောင်ရွက်လျက်ရှိပါတယ်။

Source:VGP News --- CMK