အသီးစုံစွာတင်ပို့တာ မူဆယ်နယ်စပ်ပါ

Thu, 01/01/2015 - 11:17 -- dccaadmin

 

  မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက် မှ ၂၀ ရက်အတွင်း ကန်ဒေါ်လာ၅ ဒသမ ၇၁၃ သန်းတန်ဖိုးရှိ ဖရဲသီး ၄၃၄၂၆ တန်ခွဲနဲ့ ကန် ကန် ဒေါ်လာ ၂ ဒသမ ၄၅၆သန်း တန်ဖိုးရှိ သခွှားမွှေး ၁၂၀၃၉ တန်ခွဲကို တင်ပို့ခဲ့ ပါတယ်။ လွယ်ဂျယ် စခန်း ကတော့ ကန်ဒေါ်လာ သုညဒသမ ဝ၃၅ သန်းဖိုးရှိ ဖရဲသီး တန် ၂၇၀ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဖရဲ၊သခွားအပြင် မူဆယ်မှ တစ်ဆင့် တရုတ်ပြည်ကို ကန်ဒေါ်လာ ၁၄၅၅ တန်ဖိုးရှိ အုန်းသီး ၉ တန်ခွဲနှင့် ကန်ဒေါ်လာ ၄၀၈ တန်ဖိုးရှိ ဆီးသီး  ၃ တန်ကိုလည်း တင်ပို့နိုင်ခဲ့တာတွေ့ ရပါတယ်။

  ဖရဲသီးကို တရုတ်နိုင်ငံက တစ်နှစ်ထက် တစ်နှစ်ပိုပြီး အဝယ်လိုက်လာရာက တောင်သူတွေ ကလည်း ဖရဲကို ပိုစိုက် လာကြကြောင်း၊ မြန်မာနိုင်ငံက စိုက်တဲ့ ဖရဲများကို မုူဆယ်မှ တစ်ဆင့် တရုတ်နိုင်ငံကို အဓိက တင်ပို့ကြောင်း၊ ထိုသို့ တင်ပို့ရန် အနည်းဆုံး အရှည် တစ်ပေနဲ့ လုံးပတ်နှစ်ပေ အရွယ်ရှိတဲ့ ဖရဲသီးများကိုသာ ဝယ်ယူလေ့ရှိကြောင်း၊ သခွားမွှေးဈေးကွက် အခြေအနေ ကတော့ စိုက်ခင်းထဲမှ အသီးများကို လူငှားနဲ့ ဆွတ်ပြီး အညှာဖြတ်ကာ သတင်းစာ စက္ကူနဲ့ထုတ်ပြီး ဆယ်ဘီး ကားများနဲ့ မူဆယ် အရောက် ပွဲစားတွေ ကိုချိတ်ပြီး တရုတ် ကုန်သည်နဲ့ရောင်း ချရကြောင်း၊ နိုင်ငံခြား ဈေးကွက်မီရန် အလုံးလှရန်နဲ့ သတ်မှတ် ထားတဲ့ အရည် အသွေး ရောက်အောင် ဂရုတစိုက် စိုက်ပျိုး နိုင်မှသာ ဈေးကွက်ကောင်း ရရှိနိုင် လိမ့် မည်ဖြစ်ကြောင်း သိရ ပါတယ်။

                                                                            

    မော်မော်အောင်MIRT (DCCA)