အရည်အသွေး မပြည့်မီသော ဓာတုဗေဒ ဆေးဝါးများ၊ မြေသြဇာ များစာရင်းထုတ်ပြန် ကြေညာ ခြင်းနဲ့ အရည် အသွေး စစ်ဆေးခြင်း ဆိုင်ရာ လုပ်ငန်း စဉ်များ ရှင်းလင်း တင်ပြပွဲ ကျင်းပ

Tue, 05/14/2013 - 10:34 -- admin

အင်္ဂါနေ့ ၁၀ ဧပြီလ  ၂၀၁၃ 14 : 11  PM

မြန်မာနိုင်ငံ မြေသြဇာ မိုျးစေ့နှင့် စိုက်ပိုျးရေး ဆေးလုပ်ငန်း ရှင်များအသင်းနဲ့မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းတို့ ပူးပေါင်းပြီး ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချ လျက်ရှိတဲ့ မြေသြဇာ၊ ပိုးသတ် ဆေးများကို ရှောင်တခင် ဝင်ရောက် စစ်ဆေး မှုပြုလုပ်ခဲ့ရာမှ စစ်ဆေး တွေ့ရှိချက်များ အပေါ် တရားဝင် ထုတ်ပြန် ကြေညာချက် များနဲ့အရည် အသွေးစစ် ဆေးခြင်းဆိုင် ရာလုပ်ငန်းစဉ် များအား တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ မီဒီယာ များအားရှင်းလင်း ပြောကြားပွဲ အခမ်း အနားကို မတ်လ ၃ဝ ရက် စနေနေ့ ၁၆းဝဝ ချိန်က ရန်ကုန် တိုင်းဒေ သကြီး လမ်းမ တော်မြို့နယ် မင်းရဲ ကျော်စွာလမ်းရှိ RUMFCCI   Tower ၈ လွှာရှိ မြန်မာနိုင်ငံ ဆန်စပါးအ သင်းခုျပ် MRF အစည်းအဝေးခန်းမ မှာကျင်းပခဲ့ပါတယ်။

ရှင်းလင်းပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံ တောင်သူလယ် သမားအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းမှ အဖွင့် အမှာ စကားပြော ကြားပြီး မြန်မာနိုင်ငံ မြေသြဇာ၊ မိုျးစေ့နှင့် စိုက်ပိုျးရေး ဆေးလုပ် ငန်းရှင်များ အသင်း ဥက္ကဌ ဦးသတိုးဟိန်း မှအရည်အသွေး စစ်ဆေးခြင်း ဆိုင်ရာ လုပ်ငန်း စဉ်များနဲ့ ရှေ့ဆက်မဲ့ လုပ်ငန်း စဉ်များကို ရှင်းလင်းပြော ကြားခဲ့ပါတယ်။ မြန်မာ့စိုက်ပိုျး ရေးလုပ်ငန်းနဲ့ စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများ ကလည်း အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြပြီး တက်ရောက် လာသော စာနယ်ဇင်း များမှ ပုဂ္ဂိုလ်များ ကသိလိုသည် များကို မေးမြန်း ဆွေးနွေးခဲ့ ကြတယ်လို့ သိရှိရပါတယ်။ ရှင်းလင်းပွဲ အခမ်းအနားသို့ အသင်းအဖွဲ့များနဲ့ ဆက်စပ် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တောင်သူ လယ်သမား ကိုယ်စား လှယ်များနဲ့ သတင်းဌာနနဲ့ ဂျာနယ်များ မှသတင်း မီဒီယာ သမားများ စုစုပေါင်း ၆ဝ ဦးခန့် တက်ရောက် ခဲ့ကြပါတယ်။

အခမ်းအနားမှာ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းဥက္ကဌ ဒေါက်တာ စိုးထွန်း က အဖွင့် အမှာ စကား ပြောကြားရာမှာ မိမိတို့ အသင်းနဲ့ မြန်မာနိုင်ငံ မြေသြဇာ၊ မိုျးစေ့နှင့် စိုက်ပိုျးရေး ဆေးလုပ် ငန်းရှင်များ အသင်း ပူးပေါင်းပြီး ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချ လျက်ရှိသော မြေသြဇာများ၊ ပိုးသတ် ဆေးများကို ကျပမ်း စနစ်နဲ့ ရှောင်တခင် စစ်ဆေးမှု များပြုလုပ်ခဲ့ကြောင်း၊ ဓာတ်မြေသြဇာ ၁၅ မိုျးနဲ့ ပိုးသတ်ဆေး ၈ မိုျးကို စစ်ဆေး ခဲ့ခြင်းဖြစ် ကြောင်း၊ အရည်အ သွေးနဲ့ပတ် သက်ပြီးသံသ ယရှိတဲ့ ဓာတ်မြေသြ ဇာများကို မြန်မာ့ စိုက်ပိုျး ရေးလုပ်ငန်းကို တင်ပြခဲ့ကြောင်း၊ စလုပ်ခါစမှာ အားနည်းချက် အားသာချက် များရှိနိုင်ကြောင်း၊ Public Private Partnership စနစ်နဲ့ အစိုးရ နဲ့ပုဂ္ဂလိက ကဏ္ဍပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တောင်သူ လယ်သမားများ အနေနဲ့ စိုက်ပိုျးစရိတ်၊ ဓာတ်မြေ သြဇာစရိတ် များကြောင့် တောင်သူ လယ်သမား များအတွက် ကုန်ကျ စရိတ်များ ရှိတာနဲ့ အညီ အကိုျးရှိ စေရေးအတွက် တောင်သူ များအသုံးပြု နေကြတဲ့ ဓာတ်မြေသြ ဇာနဲ့ပိုးသတ် ဆေးများရဲ့ အရည် အသွေးနဲ့ စပ်လျဉ်းပြီး စစ်ဆေး ဖို့အတွက် လုပ်ဆောင် နေပြီဆိုတာကို သတင်း ပေးလိုကြောင်း အဖွင့် အမှာ စကားမှာ ထည့်သွင်း ပြောကြား ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြေသြဇာ မိုျးစေ့နဲ့ စိုက်ပိုျးရေး ဆေးလုပ်ငန်း ရှင်များအသင်း ဥက္ကဌ ဦးသတိုးဟိန်းမှ အရည်အ သွေးစစ်ဆေး ခြင်းဆိုင်ရာ လုပ်ငန်း စဉ်များနဲ့ ရှေ့ဆက် မဲ့လုပ်ငန်း စဉ်များအကြောင်း ရှင်းလင်းပြောကြား ရာမှာ ၎င်းစစ်ဆေး တွေ့ရှိခဲ့တဲ့ မြေသြဇာ များကို တင်ပြသွား မည်ဖြစ်ကြောင်း၊ ပထမဆုံး စစ်ဆေးချိန် ကရရှိခဲ့တဲ့ အားသာ ချက်/အားနည်းချက် များစစ်ဆေး တွေ့ရှိချက်များ အပေါ် မည်ကဲ့သို့ လုပ်ဆောင် သွားမည်ဆို တာတွေကို ရှင်းလင်း ပြောကြား သွားမည်ဖြစ်ကြောင်း ပဏာမ ပြောကြားခဲ့ပါတယ်။ ဆက်လက် ၍မြန်မာ နိုင်ငံ မြေသြဇာ၊ မိုျးစေ့နှင့် စိုက်ပိုျးရေး ဆေးလုပ်ငန်း ရှင်အသင်း စတင်တည် ထောင်ခဲ့ပုံနဲ့ အသင်းရဲ့ ရည်ရွယ် ချက်များကို အသေးစိပ် ရှင်းလင်း ပြောကြားပါတယ်။ ထို့နောက် ပထမအကြိမ် ရှောင်တခင် အရည်အသွေး စစ်ဆေးရန် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ -ဒီဇင်ဘာ လများမှာ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းက ဈေး ကွက်တွင်းမှ ကျပန်းနမူနာ ကောက်ယူမှုပြုခဲ့ပုံ၊ စိုက်ပိုျးရေးဆေး ၈ မိုျုးနဲ့မြေသြဇာ ၁၅ မိုျးတို့က ပုဂ္ဂလိ ကပိုင် ဓာတ်ခွဲခန်းနဲ့ မြန်မာ့စိုက်ပိုျးရေး ဦးစီးဌာန ဓာတ်ခွဲ ခန်းများ သို့ပေးပို့ စစ်ဆေးခဲ့ပုံ ကနဦး အားဖြင့် အရည်အသွေး လျော့နည်း နေတယ်လို့ ယူဆရသော ပစ္စည်း ၇ မိုျးကို တွေ့ရှိခဲ့ပုံ၊ ထပ်မံစစ် ဆေးမှုနဲ့ သုံးသပ်မှု များအရ ပစ္စည်း ၄ မိုျးဟာ စစ်ဆေး ရေးနည်း စနစ်ပြင်ဆင် စစ်ဆေး ခြင်းနဲ့သတ်မှတ် Tolearance Level ဘောင်ဝင် တာကို တွေ့ရှိပုံနဲ့ ကျန်ပစ္စည်း ၃ မိုျးကို ပမာဏ အရည် အသွေးလျော့ မြေသြဇာ အဖြစ်သတ် မှတ်ပြီး ဆက်လက် စစ်ဆေး သွားမည် ဖြစ်ကြောင်းနဲ့ မှတ်ပုံ တင်မဲ့ မြေသြဇာ များကိုအရေး ယူသွားနိုင်ရန် မြေသြဇာ ကော်မီတီကို ဆက်လက် တင်ပြ သွားမည် ဖြစ်ကြောင်း၊ တွေ့ရှိနိုင် တဲ့အရည်အ သွေးပြဿ နာများ၊ အရည်အသွေး စစ်ဆေးသော အခါလို အပ်ချက်များ၊ အရည်အသွေး စစ်ဆေး မည့်အဖွဲ့ ဖွဲ့စည်းခြင်း၊ အရည်အ သွေးစစ် ဆေးမှု Procedure၊ နိုင်ငံခြားမှ တရားမဝင် ဝင်ရောက် လာတဲ့ဆေးများရဲ့ အန္တရာယ်နဲ့ အရည်အသွေး စစ်ဆေးခြင်းကို လအလိုက် စီမံကိန်း ရပြီးဒေသအလိုက် ရှောင်တခင် စစ်ဆေးမှုများ ဆက်လက်ပြုလုပ် သွားမည့် အကြောင်းနဲ့ ခိုင်မာ စွာတွေ့ရှိ ရမှုများကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ မီဒီယာများ ကိုသတင်း ပေးသွားမည် ဖြစ်ကြောင်းနဲ့ '' အရည်အ သွေးစစ် ဆေးခြင်းကို မဖြစ်မ နေဆောင် ရွက်ရန် လိုအပ်ပုံများကို Power Point Presentation နဲ့ အကျယ် အဝင့် ရှင်းလင်း ပြောကြား သွား ခဲ့တယ် လို့''သိရပါတယ်။

ဓနုဖြူမြို့နယ်မှ လယ်သမားကြီး ဦးသိန်းအောင် က '' လယ်သမား မှာဓာတ်ခွဲ ခန်းမရှိကြောင်း၊ စစ်ဆေး နိုင်တဲ့ အခြေအ နေအများ ကြီးလို အပ်ကြောင်း ယခုလို တာဝန်ရှိ သူရော၊ စေတနာ ရှိသူရော၊ စေတနာ သိသူများ ပူးပေါင်း ဆောင်ရွက်ပေးမှ တောင်သူ လယ်သမား များအနေနဲ့ အရည်အ သွေးမပြည့်မီတဲ့၊ သက်တမ်း ကုန်လွန်နေတဲ့ မြေသြဇာ /ပိုးသတ် ဆေးသုံးစွဲ နေရတဲ့ ဘေးအန္တရာယ် ကိုကျော်လွှား နိုင်မှာဖြစ် ကြောင်း'' အဆင့် မမီအရည်အ သွေးမပြည့် တဲ့ဟာတွေကို တောင်သူ တွေကသုံး နေရကြောင်း၊ အကြွေး ရတဲ့ဆီက ပစ္စည်းကို ဦးစားပေး ဝယ်သုံး နေရကြောင်း၊ ၅ဝ ရာခိုင် နှုန်းပါရမဲ့ အစား ၁၅ ရာခိုင်နှုန်း ပဲပါတာ သိလည်း အကြွေး ရတဲ့ဆီက ဝယ်သုံး နေရကြောင်း၊ ယခုလို အန္တရာယ် ရှိတဲ့ပိုး သတ်ဆေးများ၊ အရည်အ ချင်းမပြည့် တဲ့ဓာတ် မြေသြဇာ တွေကို ဖော်ထုတ် ပေးသွားမယ် ဆိုတဲ့အတွက် တောင်သူ လယ်သမား ထုကိုယ်စား ကျေးဇူးတင် ရှိကြောင်း၊ အခိုျ့တောင်သူ တွေကလည်း အကြွေး မဆပ်ချင် တဲ့အတွက် မြေသြဇာ Quality မမီဘူးလို့ ပြောကြာ တာတွေ လည်းရှိကြောင်း၊ ပစ္စည်းကို အာမခံချက် နဲ့အပြော ကောင်းကောင်း နဲ့လာချတုန်းက ပြောသလို တစ်ကယ်သီး နံှထွက်တဲ့အခါ ပြောတုန်း ကလိုအထွက် မကောင်းတဲ့ အတွက် အရည် အချင်းမပြည့် ဘူးလို့ပြော တာတွေလည်း ရှိပါကြောင်း၊ ယခုလို အရည်အ သွေးမပြည့်မီသော ဓာတု ဗေဒဆေးများ၊ မြေသြဇာ များကိုစစ် ဆေးဖော်ထုတ်ခြင်း လုပ်ငန်းကို လုပ်တော့ လုပ်နေပြီ ဟုသိရကြောင်း လုပ်ရုံနဲ့ တော့မပြီးကြောင်း၊ အရေးပေါ် အခြေအ နေနဲ့အရေး တယူလုပ် ရမဲ့အချိန် အဖြစ် အရေးတ ကြီးစွမ်းဆောင် ပေးစေလိုကြောင်း၊ တောင်သူ လယ်သမားဘဝ လယ်ယာ ကဏ္ဍတိုး တက်တာနဲ့အမျှ စိုက်ပိုျး ရေးဆေး၊ မြေသြဇာ ရောင်းတဲ့ သူကြီးပွား ချမ်းသာလာ မှာဖြစ်ကြောင်း၊ ဒါကြောင့် တောင်သူ တွေအတွက် ကောင်းမွန် စွာလုပ်ပေး နေလိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ အစိုးရနဲ့ NGO တို့ ပူးပေါင်းပြီး အရေးပေါ် အခြေအနေ အမြန်ဆောင် ရွက်ပေးပါလို့ တောင်းဆို သွားခဲ့ပါတယ်။ သူအနေ နဲ့မြန်မာ့ သြဘာ၊ ဝိစာရ ဆေးတွေ စစ်ဆေး နိုင်ရန် နမူနာပို့ ပေးခဲ့ဘူးကြောင်း၊ အဖြေထွက် တော့အခြေအ နေကောင်းပါကြောင်း တင်ပြ ဆွေးနွေးခဲ့ ပါတယ်။ဆက်လက်ပြီး တက်ရောက် လာကြသော သတင်းသမား ကိုသိလို သည်များကို ဆွေးနွေး မေးမြန်းခဲ့ ဆွေးနွေး ခဲ့ကြပြီး ၁၈းဝဝ ချိန်မှာ ရှင်းလင်း ပွဲကိုရုတ် သိမ်းခဲ့ပါတယ်။

ဓာတ်မြေသြဇာနဲ့ပိုးသတ်ဆေးများရဲ့ အရည်အသွေးစစ်ဆေးသောအခါ

- Test Method မှန်ကန်ရန်လိုအပ်ပါတယ်။

- Test Equipment မှန်ကန်ရန်လိုအပ်ပါတယ်။

- Tolerance +/- Level များဘောင်ဝင်မှုရှိမရှိစစ်ဆေးရပါမည်။

- Repetition Test များ (၃) ကြိမ်ခန့်ပြုလုပ်ပြီးမှ အရည်သွေးဆုံးဖြတ်နိုင်ပါမည်။

- ခိုင်မာစွာစစ်ဆေးခြင်းမပြုပါက သက်ဆိုင်ရာကုမ္ပဏီများကိုထိခိုက်စေနိုင်ပါသည်

ဂန္ဓမာ