အမှုတွဲ (၇၅) ခု ၊ တန်ဖိုး ကျပ် သန်း ၁၁ဝ ကျော်ဖိုး Mobile Team အဖွဲ့ (၂) မှ စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 08:47 -- admin

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 11 း 15 AM

မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေး တာဝန်ယူ နေတဲ့ Mobile Team အဖွဲ့-၂ မှ မတ်လ ၇ ရက်နေ့ ဝ၆း၂ဝ မှ မတ်လ ၁၃ ရက် ဝ၄း၃ဝ ချိန်ထိ ကာလအတွင်းမှာ ခန့်မှန်း တန်ဖိုး ကျပ် ၁၁၃ ဒသမ ၃၇၄ သန်းတန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်း များကို အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့ အညီ အမှုတွဲ ၅၂ ခု ဖွင့်လှစ် အရေးယူခဲ့ ရတယ်လို့ Mobile Team အဖွဲ့-၂ မှ တာဝန်ခံ ဦးဆန်းနွယ်ဝင်း ထံမှ သတင်းရရှိပါတယ်။ ယာဉ် ၇၃ စီးကို ရှောင်တခင် စစ်ဆေးရာမှ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

ရှာဖွေတွေ့ရှိရတဲ့ အကောက်ခွန်မဲ့ ပစ္စည်းတွေ ကတော့ စားသောက်ကုန် အခိုျမှုန့်၊ လ္ဘက်ခြောက်၊ ပဲနို့၊ Queen၊ Dee Do အချိုရည်၊ ကွဲျရိုင်း၊ Chang Beer၊ Singha Beer၊ စားဆီ၊ ကိတ်မုန့်၊ UFC ပဲပုလင်း၊ ကော်ဖီ၊ ချောကလက်၊ ကြက်သွန်ဖြူဗူး၊ ကိတ်မုန့်၊ အရောင်တင်မှုန့်၊ ဝေဖာ၊ သာကူအိတ်၊ ခရုဆီ၊ Coffee Mix၊ ဆိုဂူျးအရက်၊ Jam ဗူး၊ ဂျယ်လီ၊ ရေခဲသေတ္တာ (၁ Door) ၊ (၂ Door)၊ Chain Saw၊ ကားအလှဆင်ပစ္စည်း၊ ကားအပို ပစ္စည်း၊ စားပွဲတင်ပန်းကန်၊ Used Air Corn Window Type၊ Power Pump၊ အလှကုန်၊ ဆပ်ပြာမှုှုန့်၊ ဇွန်းခရင်း၊ DVD၊ Note Book (စာအုပ်)၊ prinic cooler (ရေခဲဗူး)၊ ကြက်သွန် မြိတ်ခြောက်၊ လက်ဆောင်ထီး၊ အုန်းခြစ်၊ ကော်ကလပ်၊ မီးခြစ်၊ ဂျင်းအဝတ်အထည်များ၊ ဘေထုပ်၊ စကူ၊ ကွန်နာချောင်း၊ PVC Roll ၊ တံခါး လက်ကိုင်၊ ဆေးဝါးမျိုးစုံနဲ့ ball pen တို့ဖြစ်ကြပါတယ်။

ယခင်က ကန့်သတ်ထားတဲ့ အခိုျမှုန့်များ ကို ယခုအခါ တရားဝင် တင်သွင်းခွင့် ပြုထားပြီး ဖြစ်သော်လည်း FDA ထောက်ခံချက် အခက်အခဲကြောင့် မြေကြီးနဲ့ ကတ္တူဟောင်း၊ သတ္တုကုလားပဲ၊ မြေကြီး ထုံးအိတ်များ အောက်မှာ ဝှက်ပြီး သိုလှောင်မှုများ ရှိနေတယ် ဆိုတာ ယနေ့ ထက်တိုင် စစ်ဆေး တွေ့ရှိနေရဆဲ ဖြစ်ပါတယ်။

ပညာပေး ကာလ ၂ လ၊ အရေးယူ ကာလ ၁ လခွဲကျော် ကာလရှိလာပြီ ဖြစ်ပါတယ်။ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ သယ်ဆောင်နေတဲ့ ခရီးသည်တင် မှန်လုံယာဉ်များ၊ Hilux ကားများ အားလုံး လိုလို ဟာ ဒီ မြဝတီ-ရန်ကုန် လမ်းကြောင်းမှာ ပုံမှန် အစုန်အဆန် သွားလာနေသော ယာဉ်များ ဖြစ်ပေရာ ပညာပေး ကာလ ကျော်လွန်ပြီး အရေးယူ ကာလ ရောက်နေတဲ့တိုင် တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများကို သယ်ယူ နေဆဲဖြစ် နေတာ တွေ့ရပါတယ်။ တားမြစ်ကုန်၊ အကောက်ခွန်မဲ့ ကုန်များသယ်ဆောင်လျှင် Mobile Team အဖွဲ့က စစ်ဆေးခြင်း၊ ပစ္စည်းများအား သိမ်းဆည်းခြင်းများ လုပ်ဆောင်နေတာကို သိပါလျက်နှင့် ထပ်ခါတလဲလဲ ကုန်သယ်ယူမှု ကူျးလွန် နေသော ယာဉ်များ၊ ယာဉ်လိုင်းများကို ကူျးလွန်တဲ့ အကြိမ် အရေအတွက် မည်မျှထိ ခွင့်ပြု ပေးနေမှာလဲ၊ ပြင်းထန်စွာ အရေးယူ အပြစ်ပေးမှုများ ကျင့်သုံးမှ သာလျှင် တရားမဝင် ကုန်သွယ်မှု ကျူးလွန် နေမှုများ ရပ်တန့်သွားမှာ ဖြစ်သလို ကုန်သယ်နေသော ယာဉ်တန်း များလည်း ဆင်ခြင် လာကြမှာ ဖြစ်ပါတယ်။ ကုန်သည်များ အကြားမှာ ညီမျှတဲ့ ကုန်သွယ်မှု နည်းလမ်းကို ကျင့်သုံးမှသာ အခွန်ဆောင်သူနဲ့ အခွန်ရှောင်သူ အကြား ကွာဟနေမှုကို ကျဉ်းမြောင်း သွားစေနိုင်မယ်လို့ သုံးသပ်မိပါတယ်။

Source လရ-၂                                                                                                   MTN