အနီးစပ်ဆုံးကာလထက် ပိုမိုတင်ပို့နိုင်တဲ့ ငွေချည် ၆ ဝါ

Fri, 01/09/2015 - 12:26 -- dccaadmin

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၉၈ သန်း တန်ဖိုးရှိ ငွေချည် ၆ ဝါဂွမ်း ၈၆၃ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၈၀၅ တန်ခွဲ တင်ပို့ခဲ့လို့ ယခုသီတင်းပတ်မှာ ၅၇ တန်ခွဲပိုမိုလာသလို အနီးစပ်ဆုံး နိုဝင်ဘာလကလည်း ၂၀၁၂ တန်ခွဲသာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ငွေချည် ၆ ဝါဂွမ်းကို မူဆယ် နယ်စပ်မှ တစ်ဆင့်တရုတ်ပြည်ကို ၂၀၁၄ ခုနှစ် မတ်လဆန်းမှ စတင်တင်ပို့ ခဲ့တာဖြစ်ပါတယ်။

                                                                             မော်မော်အောင် MIRT (DCCA)