အနီးစပ်ဆုံးကာလထက်ကုန်သွယ်မှုပမာဏပိုမိုဆောင်ရွက်နိုင်တဲ့ စစ်တွေနယ်စပ်

Thu, 01/08/2015 - 09:20 -- dccaadmin

 

   ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စစ်တွေနယ်စပ် ကုန်သွယ်ရေး စခန်းမှ ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၆၄၁ သန်း၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၀၅ သန်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၆၄၆ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

 အနီးစပ်ဆုံး ကာလဖြစ်တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၅၅၂ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး သွင်းကုန်ဆောင်ရွက်မှု မရှိခဲ့တဲ့အတွက် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းဟာ အနီးစပ်ဆုံး ကာလဖြစ် တဲ့ နိုဝင်ဘာ လနဲ့ နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ဝ၉၄၃ သန်းဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့တာ ကိုတွေ့ရပါတယ်။     

 ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အများဆုံး တင်ပို့ခဲ့တဲ့ ပို့ကုန်ပစ္စည်းတွေကတော့ လယ်ယာထွက် ကုန်ပစ္စည်းများ ဖြစ်တဲ့ မန်ကျည်းစေ့၊ ချင်းအစို၊ ဇီးသီးခြောက်၊ မန်ကျည်းဖက်၊ နနွင်းတက်၊ ကြက်သွန်နီ၊ ရေထွက် ကုန်ပစ္စည်းများ ဖြစ်တဲ့ရေချိုငါး (ငါးမြစ်ချင်း)၊ (ငါးခေါင်းပွ)၊ ငါးသေတ္တာခြောက်၊ ငါးနီတူခြောက်နဲ့စက်မှုကုန်ချောပစ္စည်းများဖြစ်တဲ့စောင်နဲ့ကလေးစီးဖိနပ်တို့ဖြစ်ကြပါတယ်။                                                                                                                                                      

 

တင်တင်ထွန်းMIRT (DCCA)