အကောက်ခွန်ဆောင်ထားသည့် အရေအတွက်ထက်ပိုမိုတင်ဆောင်လာတဲ့ ပန်းသီးဖာများကို လရ-၁ အဖွဲ့မှ သိမ်းဆည်း

Fri, 12/26/2014 - 11:50 -- dccaadmin

 

မန္တလေး မူဆယ်လမ်းကြောင်း တလျှောက်ရှိ အေးရှားဝေါလ် တိုးဂိတ်အခြေပြု Mobile Team လရ-၁ အဖွဲ့သည် ဒီဇင်ဘာလ၂၁ ရက်နေ့တွင် မူဆယ်မှ မန္တလေးလမ်းကြောင်းအတိုင်း မောင်းနှင်လာတဲ့ ဂျူတီယာဉ် အမှတ် (3G/xxxxx )သည် လရ-၁ ယာဉ်စစ်ဆေးရာနေရာသို့ ဝင်ရောက်စစ်ဆေး ခံခဲ့ရာမှာ အဆိုပါ ယာဉ်ပေါ်တွင် အကောက်ခွန်ပေးဆောင်ထားတဲ့ အရေအတွက် ထက်ပိုမိုတင် ဆောင်လာတဲ့ (၁ x ၁၆) ကီလိုပါ ပန်းသီးဖာ ၁၀၀ ကို လရ-၁ အဖွဲ့မှ စစ်ဆေးတွေ့ ရှိသိမ်း ဆည်းခဲ့ရ တယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ အကောက်ခွန်ဆောင်ထား သည့်အရေအတွက်ထက် ပိုမိုတင်ဆောင် လာတဲ့ ပန်းသီးများကို အကောက်ခွန် အမှုတွဲဖွင့်လှစ်ပြီး လုပ်ထုံး လုပ်နည်းနဲ့ အညီဆက်လက် ဆောင် ရွက်လျက်ရှိတယ်လို့ သိရပါတယ်။   

                                                                                            

     DCCA  DCCA