ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံ ဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင်ဆိုင်ရာ တတိယအကြိမ် အထူးအစည်းအဝေး (3rd Special CCS Meeting on ASFF) သို့ ပါဝင်တက်ရောက်ခဲ့မှု

Tue, 08/08/2023 - 09:13 -- regionaldep

  ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်ဆိုင်ရာ တတိယအကြိမ်အထူးအစည်းအဝေး (3rd Special CCS Meeting on ASFF) ကို လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ်(၂) ဦးနှင့် မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ အရာထမ်းကိုယ်စားလှယ်များအနေဖြင့် Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

    အဆိုပါအစည်းအဝေး၌ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင်ပြဋ္ဌာန်းချက် (Text) အပေါ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားရပ်တည်ချက်များကိုလည်းကောင်း၊ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်၏ လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း ဆွေးနွေးလျက်ရှိပါသည်။