လောင်စာဆီကို လောင်စာဆီ တင်ယာဉ် (Bouser) များ အသုံးပြု၍သာ သယ်ဆောင်သင့်

Tue, 05/14/2013 - 08:50 -- admin

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 12 း 40 PM

ယခုအခါ နွေရာသီ ရောက်ရှိလာပြီ ဖြစ်သလို ရာသီဥတုမှာလည်း ပူပြင်းလာပြီ ဖြစ်ပါတယ်။ မီးဘေး အန္တရာယ် ကလည်း စိုးရိမ်နေရတဲ့ အချိန် ဖြစ်တဲ့ အားလျော်စွာ ပေါ့ဆမီးကြောင့် လူနေအိမ်များ မီးလောင်မှု၊ ဆီတင် သင်္ဘော မီးလောင်မှု၊ ဆီပန့်နဲ့ Bouser ရိုက်ခတ်မိပြီး မီးပွားထွက်ကာ မီးလောင်မှုများ ဖြစ်ပွားနေတဲ့ သတင်းများ လည်း မကြာခဏ ဆိုသလို ဖတ်ရှုနေရ ပါတယ်။

မြဝတီမှ ရန်ကုန်သို့ လောင်စာဆီသယ်ယူမှုများကို Mobile Team အဖွဲ့-၂ မှ စစ်ဆေးရာမှာ အခိုျ့ ကုမ္ပဏီများ ဟာ Bouser လောင်စာဆီ တင်ယာဉ် အသုံးပြုပြီး သယ်ဆောင်မှုများ ရှိနေသော်လည်း အခိုျ့ ကုမ္ပဏီများ ကတော့ ဆီတိုင်ကီများကို အပေါ်အောက် အထပ် ၃ ထပ်ထပ် သယ်ဆောင်မှုများ ရှိနေတယ်၊ မီးဘေး အန္တရာယ် ကြိုတင် ကာကွယ် နိုင်ရေးနဲ့ စားသုံးသူ အကာအကွယ် ပေးနိုင်ရေး အတွက် လောင်စာဆီ များကို ဆီတင်ယာဉ် Bouser များနဲ့သာ သယ်ဆောင် နိုင်ရေးအတွက် သယ်ယူမှု စနစ် ကန့်သတ် ထည့်သွင်း ခံဝန်ချက်နဲ့ လိုင်စင် ထုတ်ပေးနိုင်ရေး အကြံပြု လိုတယ်လို့ Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံက သိရှိရပါတယ်။

Source လရ-၂              MTN