လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ဌာနခွဲများအားလုံးရှိ ကုန်သွယ်ရေးဦးစီးဌာန၊ ဝန်ထမ်းများအားသင်တန်းများဖွင့်လှစ်ပို့ချခဲ့မှုသတင်း

Mon, 09/18/2023 - 09:22 -- DotTrading
တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေသည့် စီးပွားရေးဆောင်ရွက်ချက်များသင်တန်း မှတ်တမ်းဓါတ်ပုံ
ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ သင်တန်းမှတ်တမ်းဓါတ်ပုံ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါ စီမံချက်အရ တရားသဖြင့် ယှဉ်ပြိုင်ခြင်းကိုပျက်ပြားစေသည့် စီးပွားရေးဆောင်ရွက် ချက်များသင်တန်းကို ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ(၁၄) ရက်နေ့မှ (၁၅) ရက်နေ့ထိ (ကြာသပတေး၊ သောကြာ)နေ့လည် (၁၃း၃၀) နာရီမှ (၁၅း၃၀) နာရီထိ ဖွင့်လှစ်ခဲ့ပါ သည်။ အဆိုသင်တန်းကို ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေရည်ကျော် မှ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၇) ဦးတို့ တက်ရောက်ခဲ့ပါသည်။

၃။   ထို့အပြင် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲမှ ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ သင်တန်းကို ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ(၁၈) ရက်နေ့မှ (၁၉) ရက်နေ့ထိ (အင်္ဂါ ၊ ဗုဒ္ဓဟူး) နေ့များတွင် နံနက်(၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရှင်စောသု မှ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၈) ဦးတို့ တက်ရောက်ခဲ့ပါသည်။