လိုင်စင်မဲ့၊ လိုင်စင်အလွဲ၊ လိုင်စင်အပိုနဲ့ ကန့်သတ်ကုန်များ စစ်ဆေးတွေ့ရှိနေရဆဲ

Mon, 05/13/2013 - 10:35 -- admin

အင်္ဂါနေ့ ။ ၁၅  ဇန်နဝါရီလ ၂၀၁၃ 11:08 AM

စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ တရားမဝင် ကုန်စည ်စီးဆင်းမှုကို တားဆီး နိုင်ရန် အတွက် မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှာ လှုပ်ရှား စစ်ဆေးရေး အဖွဲ့ (၂) ဖွဲ့ကို တာဝန် ချထား ဆောင်ရွက် လျက်ရှိရာမှာ အများဆုံး စစ်ဆေး တွေ့ရှိ နေရတာတွေ ကတော့ လိုင်စင်မဲ့ သယ်ဆောင် လာသော ပစ္စည်းများ (ဥပမာ-သကြားလုံး၊ ချည်ထည်၊ ပေါ်လီယက် စတာ၊ မျက်နှာသုတ် ပုဝါ၊ ဟင်းချိုမှုန့်၊ မုန့်မျိုးစုံ၊ အလှကုန်) လိုင်စင် အလွဲ (ဂျူတီ သက်သာသော ပစ္စည်း အမယ်နဲ့ ဂျူတီမြင့် တန်ဖိုးကြီး ပစ္စည်းများ လွဲှပြောင်း တင်ဆောင်လာမှု၊ ဆီးသီး လိုင်စင်နဲ့ ဒူးရင်းသီး တင်သွင်း လာခြင်းမျိုး၊ model, country origin အလွဲအမှားများ) လိုင်စင်ပါ အရေ အတွက်ထက် ပိုမို တင်ဆောင် လာခြင်း၊ ကန့်သတ် ကုန်များ (အရက်၊ ဘီယာ၊ ဝိုင်၊ ပီကေ၊ ကိတ်မုန့် ----) များပဲ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂ဝ ရက်နေ့မှစပြီး မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ Mobile Team ကို စတင် တာဝန် ချထားပြီး Spot Check စစ်ဆေးခြင်း၊ ကန့်သတ် ကုန်များ သိမ်းဆည်းခြင်း၊ လိုင်စင် အပို၊ အလွဲ များကို လိုင်စင် ပြန်လုပ် စေခြင်း၊ စားသုံးသူများကို အန္တရာယ် ဖြစ်စေ နိုင်မဲ့ အသား အစို၊ ဝမ်းတွင်းသား အစို၊ ကြက်ဥ စသည် များကို မီးရှို့ ဖျက်ဆီးမှုများ လုပ်ဆောင်လျက် ရှိပါတယ်။ ပညာပေး ကာလ အဖြစ် ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အထိ (၂) လ သတ်မှတ် ပေးထားတယ်လို့ သိရပါတယ်။

စတင် ပညာပေးသည်မှ စရေတွက်လျှင် ယခု ဇန်နဝါရီလ (၁) ရက်မှ (၇) ရက်ထိ ရက်သတ္တပါတ် ကာလ ဟာဆိုလျှင် သတ္တမ မြောက် အပတ်ဖြစ် ပါတယ်။ သတ္တမ မြောက် အပတ် အတွင်းမှာ ယာဉ် ၇ဝ စီးအား Spot Check စစ်ဆေးမှု ပြုခဲ့ရာ လိုင်စင်မဲ့ သယ်ဆောင် လာသော ပစ္စည်းများ အလူမီနီယံ အေ့စတင်ရှင်း (Alluminium Extension)၊ ပိတ်၊ ပေါ်လီယက် စတာ၊ ပဲစိမ်းဘူး၊ အကြော်မုန့်၊ မုန်လာဥ၊ သာကူစေ့၊ မုန့်မျိုးစုံ၊ စားဆီ၊ ဆီးသီး၊ မင်းဂွတ်သီး၊ ငန်းပြားသီး၊ မန်ကျည်းသီး (အချို)၊ ကြက်သွန်နီ၊ ကြက်စာခွက်၊ ပန်းကန် စင်ခြင်း စတဲ့ လိုင်စင်မဲ့ ပစ္စည်းများ၊ လိုင်စင် အလွဲနဲ့ ပိုသယ်ဆောင် လာသော နဂါးမောက်သီး၊ ဒူးရင်းသီး၊ စားဆီ၊ System Unit များနဲ့ ကန့်သတ်ကုန် Spy ဝိုင်၊ ဘီယာ (ချန်း/ တိုက်ဂါး)၊ ဝေဖာ၊ ကိတ်၊ ချိုချဉ်၊ ချောကလက်၊ သကြားလုံး၊ အုန်းနို့ တို့ကို စစ်ဆေး တွေ့ရှိရ နေဆဲဖြစ် တယ်လို့ သတင်း ရရှိပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့က ယာယီ ထိန်းသိမ်း ထားသော သစ်ခွ၊ နဂါးမောက်သီး၊ ပန်းသီး၊ မျက်နှာသုတ် ပုဝါ၊ စပျစ်သီး၊ ဒူးရင်းသီး၊ လစ်ပို၊ ငန်ပြာရည်နဲ့ ခရုဆီများကို ဂျူတီ ပေးဆောင်ခြင်း၊ လိုင်စင် လုပ်ခြင်းများ ပြီးစီးပြီ ဖြစ်၍ ပစ္စည်း ရှင်သို့ ပြန်လည် ပေးအပ်ပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

တရားမဝင် ကုန်သွယ်မှု ထိန်းချုပ် တားဆီးရေး ဗဟိုကော်မတီ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်ဟာ ဇန်နဝါရီလ ၆ ရက်နေ့မှာ ပဲခူး တိုင်းဒေသကြီး ဝေါမြို့နယ်၊ အဗျားဗိုလ်တဲ ကျေးရွာတွင် Mobile Team အဖွဲ့၊ သက်ဆိုင်ရာ တိုင်း ဒေသကြီး ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိ သူများနဲ့ လက်ရှိ ညှိနှိုင်း ဆောင်ရွက် ပေးရန် ရှိတာတွေကို ရှင်းလင်း လုပ်ဆောင် ပေးပြီး သတင်း မီဒီယာ များရဲ့ အကြံပြု ဆွေးနွေး မေးမြန်းချက်များကို ဖြေကြားခြင်း၊ စစ်ဆေးရေး လက်တွေ့ လုပ်ဆောင်နေတဲ့ ညောင်ခါးရှည် လမ်းဆုံသို့ ကွင်းဆင်း ကြည့်ရှု့ အားပေးမှု ပြုခဲ့တယ်လို့ သိရပါတယ်။

မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်ရှိ Mobile Team အဖွဲ့မှ Spot Check စစ်ဆေး တွေ့ရှိချက် အရ သွင်းကုန် ပစ္စည်းများရဲ့ Model , Brand, Measurement, Country Origin အလွဲများ တွေ့ရှိ နေရခြင်း၊ လိုင်စင် ID တွင် ဖော်ပြ ထားသော အမယ်များ လွဲနေခြင်း၊ ပိတ်စ အမျိုး အစားလွဲ နေခြင်း၊ ID မှာ ကရင်နဲ့ မွန် ပြည်နယ်တွင် အသုံးပြုရန် ဟုသာ တံဆိပ်တုံး နှိပ်ခတ်ထား သော်လည်း ပဲခူး တိုင်းတွင် စစ်ဆေးတွေ့ရှိ နေရခြင်း၊ ကုန်တင်ယာဉ် များဟာ ID မူရင်း မပါဘဲ ကျောဘက်ခြမ်း မပါသော ID မိတ္တူများသာ ပြနိုင်ခြင်းတွေ တွေ့နေ ရတယ်လို့ အဗျား ဗိုလ်တဲ ကျေးရွာ မှာပြုလုပ်တဲ့ Media များနဲ့ ရှင်းလင်းပွဲမှာသိရှိခဲ့ ရပါတယ်။

ဂန္ဓမာ