ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေး မှူးရုံးတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

Wed, 12/31/2014 - 13:44 -- dccaadmin

   

  စားသုံး သူများမှ ပေးလိုက်သည့် တန်ဖိုးနှင့် ရရှိလာမည့် တန်ဖိုးကို ချင့်ချိန်ရွေးချယ် တတ်စေရန် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေတွင် ပါရှိသည့် စားသုံးသူဆိုသည့် အဓိပ္ပာယ်၊စား သုံးသူ၏ အခွင့်အရေးများ ၊စားသုံးသူရ ပိုင်ခွင့်၊ တာ ဝန်နှင့် စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာများ အဆက် မပြတ်ရရှိစေရေး ရည်ရွယ်ချက်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေး နှင့်စားသုံးသူရေးရာ ဦးစီးဌာန ရန်ကုန်တိုင်းဒေ သကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများသည် ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ စားသုံးသူကြိုတင် ကာကွယ်ရေး အသင်းတို့နှင့်ပူးပေါင်း၍ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ၂၄ ရက်နေ့လည် ၁၂ းဝ၀ နာရီ အချိန်တွင် ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေး ခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေး ပွဲကျင်းပခဲ့ပါသည်။

   ဟောပြောဆွေးနွေး ပွဲတွင် ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနကိုယ်စား လှည်းကူးမြို့နယ်၊ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ဦးတင်ဦးက ဈေးများတွင်ရောင်းချ လျက်ရှိသည့် သား။ငါး၊ အသီးအနှံ၊ မျှစ်တို့တွင် ဓာတုဆိုးဆေးများ အသုံးပြု ၍ ရောင်းချမှုများ ရှိကြောင်း၊ စားသောက်ကုန် ပစ္စည်း၊ လူသုံးကုန် ပစ္စည်းတို့တွင်  Label များပြုပြင်၍ နှစ်သစ်ကူး အရောင်းမြှင့်တင်ခြင်း များပြုလုပ်၍ ရောင်းချမှု များရှိ လာသဖြင့် စားသုံးသူများမှ တန်ရာ တန်ဖိုး ပေးဝယ်ယူခြင်းဖြစ် ၍ ဘေးဥပ ဒ်အန္တရာယ် ကင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကို ရွေးချယ် စားသုံးရန် လိုကြောင်း တိုက်တွန်းပြော ကြားခဲ့ပါသည်။

 ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမင်းသိန်းမှ နိုင်ငံတော်က ၂၀၁၄ ခုနှစ်၊မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁၀ဖြင့် စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေ ကိုပြ ဌာန်းခဲ့ပြီးဖြစ်၍ ဌာနအနေဖြင့်  ဥပဒေပြဌာန်း ချက်များကို ပြည်သူများ သိရှိအောင် အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် စားသုံးသူများ၏ နစ်နာမှုကို ဖြေရှင်းပေးရန်နှင့် စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော် မတီမှ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ရန်၂၀၁၄ ခုနှစ်၊အောက်တိုဘာလ ၂၀ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသ ကြီး၊စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ အဆိုပါအဖွဲ့ကို အထောက် အကူပြုနိုင်ရန် ထုတ် ကုန်များလုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီနှင့် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီတို့ ကိုဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၊စားသုံး သူများမှပေးလိုက်သည့်တန်ဖိုးနှင့် ရရှိလာမည့် တန်ဖိုး အညီအမျှရရှိရန် စားသုံးသူအကာအကွယ် ပေးရေးဥပဒေတွင်ပါရှိသည့် စားသုံးသူအခွင့်အရေး ၊ရပိုင်ခွင့်များ၊ တာဝန်များကို သိထားရန်ဖြစ် ကြောင်း၊  စားသုံးသူကို အန္တရာယ်ဖြစ်စေသော အစားအစာ၊ လူသုံးကုန်ပစ္စည်း၊ ဝန်ဆောင်မှု နှင့်ပတ် သက်၍ မက်လုံးပေးကြော်ငြာခြင်း၊  စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် တားမြစ် ချက်များ အကြောင်း၊  စားသုံး သူပြည်သူများ သိရှိလိုက်နာဆောင်ရွက် သင့်သည့် အချက်များကို  အကျယ်တဝင့် ရှင်းလင်း ပြောကြား ခဲ့ပါသည်။

     မြန်မာနိုင်ငံစားသုံးသူကြိုတင်ကာကွယ်ရေးအသင်း၊အတွင်းရေးမှူးဒေါ်ခင်စန္ဒာမှ ထုတ်လုပ်သူ များက စီးပွားရေးတစ်ခုတည်းကိုသာကြည့်ပြီး လုပ်ကိုင်လာ၍ စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တ ရာယ်ဖြစ်မှုများ ရှိခဲ့ကြောင်း၊အစားအစာများကို ပလတ် စတစ်အိတ်ဖြင့် ထည့်၍အသုံးပြုခြင်း၊ ချက်ပြုတ် ရာတွင် ပြန်ကြော်ဆီများ အသုံးပြုခြင်းကြောင့် ကင်ဆာရောဂါများ တိုးပွားလာ ခြင်းဖြစ် ကြောင်း၊ စားသုံးသူပြည်သူများမှ အကြောင်းအရာ အမျိုးအစားအလိုက် စားသုံးရာတွင် ရွေးချယ် တတ်စေရန် အသင်းမှ အသိပညာပေး မှုများ လှည့်လည် ဆောင်ရွက် လျက်ရှိသည့်အခြေ အနေများကို အသေးစိတ်  ဟောပြောဆွေးနွေးခဲ့ပါသည်။

 ဟာပြောဆွေးနွေးပွဲသို့  ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ အရာထမ်း ၊အမှုထမ်းများ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ ၊မြန်မာနိုင်ငံ စားသုံးသူကြိုတင်ကာ ကွယ်ရေးအသင်း အတွင်း ရေးမှူးနှင့်နှစ်ဦး၊မြို့နယ် အတွင်းရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း များ၊မြို့နယ် အတွင်း ရှိဌာနဆိုင်ရာများ၊ မြို့နယ် အထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၁၁)ဦး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

 

 

မိုးမိုးကြည်(စားသုံးသူ)ရန်ကုန်