ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာအမှုကိစ္စများအား စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း၊H.S Code သင်တန်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်းသိကောင်းစရာများသင်တန်း ဖွင့်လှစ်ခဲ့မှုအခြေအနေ

Mon, 05/27/2024 - 04:01 -- DotTrading
ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာအမှုကိစ္စများအား စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း
H.S Code သင်တန်း
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်းသိကောင်းစရာများသင်တန်း

ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာအမှုကိစ္စများအား စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း၊H.S Code သင်တန်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်းသိကောင်းစရာများသင်တန်း ဖွင့်လှစ်ခဲ့မှုအခြေအနေ

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို  ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။       အဆိုပါစီမံချက်အရ ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ အမှုကိစ္စများအား စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်းကို ၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့မှ (၁၅) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးသိန်းမှ ပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ ပါသည်။

၃။      ထို့အပြင် H.S Code သင်တန်းကို ၂၀၂၄ ခုနှစ်၊ မေလ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့ နံနက် (၀၉:၄၅) မှ (၁၂:၂၀) ထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ကုန်သွယ်မှုမူဝါဒဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးသော်မှ ပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၅) ဦးတို့ တက်ရောက်ခဲ့ပါသည်။

၄။      ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်းသိကောင်းစရာများ သင်တန်းကို ၂၀၂၄ ခုနှစ်၊ မေလ (၂၀) ရက်နေ့မှ (၂၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်း ကို WTOနှင့်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးညီညီအောင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တိုးတိုးဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွင်ကိုကိုမောင် ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန္ဒာဝင်း တို့မှ ပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၈) ဦးတို့ တက်ရောက်ခဲ့ပါသည်။