မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှ ကျပ် ၇၃၅ သိန်းကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 07:52 -- admin

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 01 း 21 PM

ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ ကာလ အတွင်း မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှ ကျပ် ၇၃၅ ဒသမ ၆၅၄ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်း များကို ရွေ့လျား ရှာဖွေတားဆီး ရေးအဖွဲ့ Mobile Team- ၁ မှ စစ်ဆေးရှာဖွေ တွေ့ရှိခဲ့ရပြီး အကောက်ခွန် အမှုတွဲ ၁၁ ခု ဖွင့်လှစ်ပြီး အကောက်ခွန်ဌာနသို့ လွဲှပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။   

.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

 

စစ်ဆေး ရှာဖွေ တွေ့ရှိခဲ့ရတဲ့ အကောက်ခွန်မဲ့ ပစ္စည်းတွေ ကတော့ အေးခဲဘဲသား၊ အေးခဲ ကြက်အသဲ၊ အမဲ သားခြောက်၊ မုန့်မိုျးစုံ၊ နို့၊ ဆော်ဒါ၊ ထောပတ်၊ Cheese၊ ရေခဲမုန့် ကရင်မ်၊ အခိုျရည် အမှုန့်အိတ်၊ ကွဲျရိုင်း အခိုျရည်၊ ဘီယာ၊ ကြက်သွန်ဖြူ၊ ကျား/ မ ၊ ခလေးဝတ် အဝတ်အထည်၊ ပလပ်စတစ် လေမှုတ်အရုပ်များ၊ တမလန်း၊ သစ်ခွ ပန်းရိုးခြောက်၊ ပိတောက် ကျည်းပေါင်း၊ Handset များ၊ ကွန်ပူျတာနဲ့ ဆက်စပ် ပစ္စည်းများ၊ ဖုန်း Charger များ၊ Handphone နဲ့ ဆက်စပ် ပစ္စည်းများနဲ့ ပိုးသတ်ဆေးအမှုန့်၊ အပင်/သီးနံှ အားတိုးဆေး၊ ခြင်ဆေးခွေ၊ Lifan Truck Truck၊ ထရော် လာဂျီ တို့ဖြစ်တယ်လို့ သိရပါတယ်။

Source လရ-၂                                                                                            MTN