မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့၊ စည်ပင်သာယာမြို့မဈေးကြီးတွင် စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပပြုလုပ်

Thu, 12/18/2014 - 15:20 -- dccaadmin

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးဆောင်၍ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၀ း ၃၀ ချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ စည်ပင်သာယာ မြို့မဈေးကြီး၌ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးသူ/သားများ၂၀ဝခန့်အား စားသုံးသူ အကာအကွယ်ပေးရေး သိကောင်းစရာများေ ခါင်းစဉ်ဖြင့် အသိပညာ ပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဟောပြောဆွေးနွေးပွဲတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး  ဦးစီးမှူးရုံး၊ ဦးစီးမှူး ဦးဇော်မင်းမှ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပြဌာန်း ချက်များအား ရှင်းလင်းခြင်း၊  အစားအစာများတွင်ပါ ဝင်သောဆိုးဆေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း နှင့် ITC ကတ် ထုတ်ပေးနေမှု အကြောင်းများကို စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးသူ/သား များအား ဟောပြောဆွေးနွေးခဲ့ ပါသည်။

၎င်းနောက် ပူးပေါင်း အဖွဲ့သည် မတ္တရာမြို့ မဈေးကြီးအတွင်း ရောင်းချနေသော အစား အသောက်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် ကြေညာထားသော စားသောက်ကုန်ပစ္စည်း (၁၀) မျိးရောင်းချခြင်း ရှိ/မရှိ လှည့်လည် ကြည့်ရှု၍ ဈေးသူ /သားများအား ကျန်းမာရေးအတွက် အထောက်အကူပြုပြီး အာဟာရဖြစ်စေသော အစားအသောက်များ ကိုရွေးချယ်ရောင်းချ ရန်၊ ဓါတုဆိုးဆေး မပါဝင်သော အစားအသောက်နှင့် မုန့်များကို စိစစ်ရောင်းချရေး ပညာ ပေးဆွေး နွေးမှုများပြုလုပ် ခဲ့ပြီး  အစားအသောက်များ ဓါတ်ခွဲ စမ်းသပ် စစ်ဆေးရန် စားသောက်ကုန် နမူနာ ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။

                                                                             တင်ချစ်ကောင်း(စားသုံးသူ၊ မန္တလေး)