ဗီယက်နမ် တောင်ပိုင်းရှိ စိုက်ပျိုး မွေးမြူရေး ထုတ်ကုန် ထုတ်လုပ်သူများ Viet GAP အစိမ်းရောင် တံဆိပ် အသိအမှတ်ပြု လက်မှတ်များ လက်ခံရရှိ

Mon, 05/13/2013 - 11:21 -- admin

သောကြာနေ့ ၂၅ ဇန်နဝါရီလ ၂၀၁၃ 15 :40 PM

ဗီယက်နမ် နိုင်ငံ တောင်ပိုင်းရှိ စိုက်ပျိုး မွေးမြူရေး ထုတ်ကုန် ထုတ်လုပ်သူ (၁၄) ဦးအား (ဗီယက်နမ်စိုက်ပျိုး ထုတ်လုပ်မှု အလေ့အကျင့်) Vietnam Agriculture Practice အသိအမှတ်ပြု အစိမ်းရောင် တံဆိပ် လက်မှတ် ထုတ်ပေးခြင်း ခံရတယ်လို့ V.O.V online သတင်းမှာ ဖော်ပြထားပါတယ်။

အမျိုးသား လယ်ယာ သစ်တော၊ ရေထွက်ကုန် အရည်အသွေး အသိအမှတ်ပြု အဖွဲ့ (National Agro-Forestry-Fisheries Quality Assurance Department (NAFFQAD) နဲ့ ကနေဒီယန် အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ (Canadian International Development Agency-CIDA) တို့ ဟိုချီမင်း မြို့တော်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့က ပူးတွဲ ကျင်းပတဲ့ ညီလာခံမှာ အသိအမှတ်ပြု လက်မှတ်များကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ယခုကဲ့သို့ Viet Gap အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရတဲ့ ရည်ရွယ်ချက် ကတော့ Viet Gap အစိမ်းရောင် တံဆိပ်တပ် လယ်ယာ ထွက်ကုန်များ ထုတ်လုပ်မှု၊ ဖြန့်ဖြူမှုနဲ့ စားသုံးမှုများ အကြားမှာ တိုးတက်ဖွံ့ဖြိုး စေရန်နဲ့ အချိတ် အဆက် မိစေရန် ဖြစ်ပါတယ်။

အသိအမှတ်ပြု လက်မှတ် ချီးမြှင့်ခြင်း ခံရတဲ့ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းရှင်များ ကတော့ ဟင်းသီး ဟင်းရွက် မဝါယမ အသင်း (၃) ခု၊ ဝက် မွေးမြူရေးခြံ (၅) ခြံနဲ့ ကြက် မွေးမြူရေးခြံ (၆) ခြံတို့ ဖြစ်ကြ ပါတယ်။ ညီလာခံ ကျင်းပပြီးတဲ့ အခါ Viet Gap အသိအမှတ်ပြု လက်မှတ်ရ အစိမ်းရောင် တံဆိပ်တပ် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းရှင်များနဲ့ မြို့တော် ဟိုချီမင်းမှ အဓိက ကုန်စည် ဖြန့်ဖြူး ရောင်းချသူများ အကြား စာချုပ် ၂ဝ ခန့် သဘောတူညီ ချက်လက်မှတ် (M.o.U) ရေးထိုး နိုင်ခဲ့တယ်လို့ သိရ ပါတယ်။ Viet Gap စံနဲ့ Viet Gap အစိမ်းရောင် တံဆိပ် အမှတ် အသားများကို နှိုင်းယှဉ်မယ် ဆိုလျှင် အစိမ်းရောင် တံဆိပ် အမှတ် အသားပါ ပစ္စည်းသည် ထုတ်လုပ်မှု အဆင့် အစမှ အဆုံး စိုက်ပျိုးသည်မှ ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနဲ့ ကုန်သွယ်မှုထိ အရည်အသွေး အားလုံး အတွက် စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုရှိကြောင်း အာမခံချက် ပိုရှိတယ်လို့ သိရပါတယ်။ Viet Gap အစိမ်းရောင် တံဆိပ် အမှတ် အသားတပ် ပစ္စည်းဟာ Viet Gap ထက် အဆင့် ပိုမြင့်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Source: VNA/V.O.V online CMK