ဗီယက်နမ်ကော်ဖီတင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၅၆ သန်း ၁၁ လ အတွင်းရရှိ

Mon, 05/13/2013 - 10:22 -- admin

တနင်္လာနေ့ ။ ၁၄  ဇန်နဝါရီလ ၂၀၁၃ 10:37 AM

လွန်ခဲ့သော (၁၁) လ အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၃၄ သန်း တန်ဖိုးရှိ ကော်ဖီစေ့ ၁ ဒသမ ၅၆ သန်း တင်ပို့ နိုင်ခဲ့ကြောင်း၊ ဗီယက်နမ် အကောက်ခွန် ဌာနမှ ထုတ်ပြန်ထား ပါတယ်။ ယမန် နှစ်ကာလတူနဲ့ နှိုင်းယှဉ်လျှင် ပမာဏ အားဖြင့် ၄၂ ရာခိုင်နှုန်းကျော်နဲ့ တန်ဖိုး အားဖြင့် ၃၈ ရာခိုင်နှုန်းခန့် ပိုမို ဆောင်ရွက်နိုင် ခဲ့ပါတယ်။ ဗီယက်နမ် ကော်ဖီနဲ့ ကိုကိုး အသင်းက ၂ဝ၁၂-၂ဝ၁၃ တွင် ၃ဝ ရာခိုင်နှုန်းခန့် လျော့နည်းဖွယ် ရှိကြောင်း ခန့်မှန်းထား ပါတယ်။

လတ်တလောမှာ ပြည်တွင်း ကော်ဖီဈေးများ ကျဆင်းနေ ပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့မှာ တောင်ပေါ် ကော်ဖီ ၁ ကီလို ဂရမ်လျှင် ဗီယက်နမ် ဒေါင် ၃၆၂ဝဝ-၃၈၃ဝဝ ဈေးပေါက် လျက်ရှိပြီး ဒေသထွက် ကော်ဖီ ၁ ကီလို ဂရမ်လျှင် ဗီယက်နမ် ဒေါင် ၃၉ဝဝဝ ဈေးပေါက်လျက် ရှိပါတယ်။ ဒီဇင်ဘာလ လယ်မှာ ကော်ဖီဈေးက ၁ ကီလို ဂရမ်ကို ဒေါင် ၃ဝဝ မှ ၄ဝဝ ထိ ထပ်မံ ကျဆင်းသွား ခဲ့ပါတယ်။

နိုဝင်ဘာ ကော်ဖီတင်ပို့တဲ့ ဈေးနှုန်းဟာ အောက်တိုဘာ ဈေးထက် ၃ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး အောက်တိုဘာလ ဈေးမှာ ၁ တန်ကို ကန်ဒေါ်လာ ၂ ဒသမ ၁၄၈ ဒေါ်လာ ကျဆင်း ခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။

Source: VOV (CMK)