ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများသင်တန်းဖွင့်လှစ်မှုအခြေအနေ

Fri, 09/22/2023 - 06:28 -- DotTrading

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ  ၂၂ ရက်

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများ ကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။       အဆိုပါစီမံချက်အရ ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများသင်တန်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့ထိ (ကြာသပတေး၊ သောကြာ) နေ့များတွင် နံနက် (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီထိ ဖွင့်လှစ်ခဲ့ပါသည်။

၃။      အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးနှင့် ဦးကျော်စည်သူတို့မှ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများကို သိရှိနိုင်စေရန် ရည်ရွယ်၍ သင်ခန်းစာများ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၆) ဦးတို့ တက်ရောက်ခဲ့ပါသည်။