ပင်လယ်ရေကြောင်းမှ မိုဘိုင်းဖုန်းများ တင်သွင်းမှု တားမြစ်ထားသော အမိန့် ရုတ်သိမ်းလိုက်ပြီ

Mon, 05/13/2013 - 10:27 -- admin

တနင်္လာနေ့ ။ ၁၄  ဇန်နဝါရီလ ၂၀၁၃ 10:47 AM

ဗီယက်နမ် စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီး ဌာနသည် ပြည်ပမှ မိုဘိုင်း ဖုန်းနဲ့ ဆက်စပ် စက်ကိရိယာများ ပင်လယ် ရေကြောင်းမှ တင်သွင်းခွင့် တားမြစ် ထားသော အမိန့်ကို ရုတ်သိမ်း ပေးလိုက်ပြီလို့ Sai Gon Times သတင်းမှာ ဖော်ပြ ထားပါတယ်။

တင်သွင်း သူများနဲ့ ရောင်းချ သူများရဲ့ အဆင်မပြေ မှုများစွာ ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ ဝန်ကြီး ဌာနက ရုတ်သိမ်းမိန့် ထုတ်ပြန် လိုက်ခြင်းဖြစ် ပါတယ်။ အဆင်ပြေ ချောမွေ့စေရေး အတွက် အုပ်ချုပ်မှု ပိုင်းဆိုင်ရာရဲ့ ဖြေလျော့မှု တစ်ရပ် ဖြစ်တယ်လို့ ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ ပါတယ်။ ၂ဝ၁၁ ခုနှစ် မေလက ပြဌာန်းခဲ့သော တားမြစ် မိန့်ကို ၂ဝ၁၃ ခုနှစ် နှစ်ဆန်းက စပြီး ရုတ်သိမ်း ပေးလိုက်တာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း၊ အလှကုန်၊ အရက်စသည် များကို ဗီယက်နမ် နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းမြို့များ ဖြစ်တဲ့ Haiphong , Danang နှင့် ဟိုချီမင်း ဆိပ်ကမ်းများမှ တင်သွင်းခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ ယခုကဲ့သို့ အမိန့် ပြင်ဆင်ပေး ရခြင်းမှာ ဟနွိုင်းတွင် ၂ဝ၁၂ ခုနှစ် နှောင်းပိုင်းက ကျင်းပတဲ့ ညီလာခံ တစ်ခုမှာ ဖုန်း တင်သွင်း ဖြန့်ဖြူး ရောင်းချသူများက တင်ပြခဲ့ ကြတဲ့ အတွက်လို့ သိရပါတယ်။

ထိုသို့ မိုဘိုင်းဖုန်း ဖြန့်ဖြူး ရောင်းချ သူများက တင်ပြတဲ့ အပြင် ပစ္စည်း အတုအပများ၊ အရည်အသွေး မမီသော ပစ္စည်းများ တင်သွင်းမှုများ ရှိနေခြင်းကို လျော့နည်း ရပ်ဆိုင်း သွားစေရန် အတွက် ပင်လယ် ရေကြောင်းမှ တရားဝင် တင်သွင်း ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ပင်လယ် ရေကြောင်းမှ တင်သွင်းခွင့် မပြုမီက လေကြောင်းနဲ့သာ တင်သွင်း ခဲ့ကြပြီး တစ်ပတ်မှ နှစ်ပတ် အချိန် ယူရပါတယ်။ ပင်လယ် ရေကြောင်းမှ တင်သွင်းမှု အတွက် လနဲ့ချီ အချိန်ယူ ရမှာဖြစ်ပြီး ဈေးကွက် လိုအပ်ချက် ဖြည့်ဆည်း နိုင်ရန် အတွက် ကြိုတင် တင်သွင်း ရမှာ ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်ထိ မိုဘိုင်းဖုန်းနဲ့ ဆက်စပ် စက် ပစ္စည်း တင်သွင်းမှုဟာ ကန်ဒေါ်လာ ၄ ဒသမ ၇၂ ဘီလီယံ ကျော်ရှိပါတယ်။

Source: Sai Gon Times (CMK)