နယ်စပ်မှ ဓါတ်မြေ သြဇာ တန်ချိန် ၁ဝဝဝဝ ကျော် တင်သွင်း

Tue, 05/14/2013 - 07:37 -- admin

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 11 း 11 AM

ဖေဖော် ဝါရီလ ၂၇ ရက် မှ မတ်လ ၅ ရက်ထိ ကာလ တွင်း နယ်စပ် ကုန်သွယ် ရေးစခန်း များမှ ကန်ဒေါ်လာ ၂ ဒသမ ၃၅၁ သန်း တန်ဖိုး ရှိတဲ့ ဓါတ်မြေ သြဇာ ၁၁၉၉၈ တန်ကျော် အသွင်း ရှိခဲ့ပါတယ်။ စခန်းအလိုက်တင်သွင်းမှု အနေနဲ့ မူဆယ်မှ ၁၁၇၃၈ တန်ကျော်၊ ကော့သောင်းမှ တန် ၁၁ဝ နဲ့မြိတ်မှတန် ၁၅ဝ အသီးသီးဖြစ်ပါတယ်။ တင်သွင်းခဲ့သော ဓါတ်မြေသြဇာအမိုျးအစားများကတော့ မူဆယ်မှ ယူရီးယားတီစူ ပါဖော့စဖိတ်၊ စင်ဂဲလ် စူပါဖော့စဖိတ်၊ ကွန်ပေါင်း ၁ဝး၁ဝး၅ နဲ့ကွန်ပေါင်း ၁၅ ပတ်လည် တို့ အများဆုံး တင်သွင်းခဲ့ပြီး ဒေသပေါက်ဈေးအရ ယူရီးယား ၁ အိတ်လျှင် ၁၈၅ဝဝ ကျပ်၊ ကွန်ပေါင်း ၁ဝး၁ဝး၅ ၁ အိတ်လျှင် ၁၂၂ဝဝ ကျပ်နဲ့ ၁၅ ပတ်လည် ၁ အိတ် လျှင် ၃၅ဝဝဝ ကျပ်ဈေးပေါက် လျက်ရှိပါတယ်။

                                                                                                          ဆွေဆွေဝင်း MIRT(DOBT)