နနွင်းတက်တင်ပို့မှု အနည်းငယ်လျော့

Fri, 01/09/2015 - 12:22 -- dccaadmin

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ဝ၂၀ သန်း တန်ဖိုးရှိတဲ့ နနွင်းတက် ၃၅ တန်ခွဲတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၅ တန်ခွဲတင်ပို့နိုင်ခဲ့လို့ ယခုရက်သတ္တပတ်မှာ ၁၀ တန်လျော့နည်း သွားတာ တွေ့ရပါတယ်။ ဒီဇင်ဘာတစ်လလုံး စခန်းပေါင်းစုံက တင်ပို့ခဲ့တဲ့ နနွင်းတက် တန်ချိန် ၃၀ဝ နီးပါးရှိပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၇၁၀ဝ၀ ကျော် ရှိခဲ့ပါတယ်။

                                                                             မော်မော်အောင် MIRT (DCCA)