ဒီဇင်ဘာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများက ဆန်တန်ချိန် ၁၆၉၀ဝ၀ ကျော်တင်ပို့

Thu, 01/08/2015 - 09:55 -- dccaadmin

 

 

၂၀၁၄ ခုနှစ်ရဲ့ ဒီဇင်ဘာလနောက်ဆုံး ပတ်ဖြစ်တဲ့၂၇ ရက်မှဇန်နဝါရီလ၂ ရက်နေ့ထိ ကာလအ တွင်းမှာ မြန်မာ-တရုတ်နယ်စပ်မှ  ကန်ဒေါ်လာ ၁၂ ဒသမ ၉၈၉ သန်းတန်ဖိုးရှိ   ဆန်တန်ချိန် ၃၅၀၆၆  တန်တင်ပို့ခဲ့ပြီး စခန်းများရဲ့ တင်ပို့ခဲ့တဲ့ဆန် အမျိုးအစားနဲ့ ပမာဏကို ဖော်ပြပေးလိုက် ပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ငစိန်ဆန်  ၁၉၆၀၅ တန်၊ ဧည့်မထ ၁၂၃၈၇ တန်ကျော်၊ လွယ်ဂျယ်စခန်းက ဧည့်မထိ ၂၈၂၃ တန်ကျော်၊ ချင်းရွှေဟော်စခန်းက ဧည့်မထတန် ၂၅၀ အသီး သီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်သီတင်းပတ်ထက်  ၁၂၂၀ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ တစ်လလုံးမှာတော့ ကန်ဒေါ်လာ ၆၂ ဒသမ ၃၂၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၆၉၁၃၄ တန်ကို တင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးနိုဝင်ဘာလထက် ၈၇၀၅၇ တန်ပိုမိုခဲ့တဲ့ အတွက် ဆန်တန်ချိန် ထက်ဝက်ခန့်  ပိုမိုတင်ပို့နိုင်ခဲ့ တယ်လို့ ဆိုရပါမယ်။ ယခုနှစ်စပိုင်း၂၀၁၅ ခုနှစ်ဇန်နဝါရီ လအတွင်းမှာ ဆန်တန်ချိန် နှစ်သိန်းတင်ပို့နိုင်ရေး မြန်မာနဲ့ တရုတ်နှစ်နိုင်ငံဆွေးနွေး ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရှိရပါတယ်။

                                                                                   

  ယဉ်ယဉ်အေး MIRT (DCCA)