တရားမဝင်သယ်ဆောင်လာတဲ့ သစ်အယ်နဲ့သစ်ယာများ

Wed, 01/07/2015 - 12:50 -- dccaadmin

 

တာချီလိတ် Mobile Team အဖွဲ့ဟာ ဇန်နဝါရီလ (၄)ရက်နေ့ ဝ၃၃၀ ချိန်မှာ လွယ်စတုံရှောင်ကွင်း လမ်းမှာသတင်းအရ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ဝ၄း၃၀ ချိန်ခန့်မှာ မိုင်းဟဲကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း အိုက်ဟုန်မောင်းနှင် လာတဲ့ အီတန်ယာဉ် (1ဌ|xxxx) ကိုတားဆီးစစ် ဆေးရာမှာ တရားမဝင် သယ်ဆောင်လာတဲ့ သစ်အယ်နဲ့သစ်ယာများကို စစ်ဆေးတွေ့ရှိတဲ့ အတွက် နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရန် လုပ်ထုံးလုပ်နည်းနဲ့ အညီသိမ်း ဆည်းရမိသစ်များနဲ့ သယ်ဆောင် လာသူများကိုလည်း တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သတင်းရရှိပါတယ်။ စစ်ဆေးတွေ့ရှိရတဲ့ သစ်များကတော့ သစ်အယ် ၅ချောင်း သုညဒသမ၃၂၈၆ တန်နဲ့သစ်ယာ ၈၁ ချောင်း၃ ဒသမ ၈၈၇ တန်လို့သိရပါတယ်။

                                                                     

        တင်တင်ထွန်း MIRT (DCCA)