တန်ချိန် ၃ သောင်းခွဲနီးပါးသာ တင်ပို့နိုင်တဲ့ပြောင်း

Thu, 01/01/2015 - 14:27 -- dccaadmin

 

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နယ်စပ်စခန်းများမှ ဒီဇင်ဘာလ ၂၀ ရက်မှ၂၆ ရက်အတွင်း ကန်ဒေါ်လာ ၉ ဒသမ ၇၅၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၄၈၀၆ တန်ကိုတင်ပို့ ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့ခဲ့ တဲ့ ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၃၀ဝ၁၅တန်၊ ချင်းရွှေ ဟော်မှ ၄၂၉၆ တန်နဲ့ လွယ်ဂျယ်မှ ၄၉၅ တန်ဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး စခန်းစုံကနေ ပြောင်းဖူးစေ့ ၃၈၂၃၁ တန်ကျော် တင်ပို့ခဲ့တာမို့ ယခုရက် သတ္တပတ်မှာ ၃၄၂၅ တန်ခန့် တင်ပို့မှုတွေလျော့နည်းသွားခဲ့ပါတယ်။ ကန်ပိုက်တီးစခန်းက ဒီတစ်ပတ်မှာ ပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင် ရက်သတ္တပတ်ကပြောင်းတစ်တန်ကို မိမိ ဘက်ဈေး ၂၈၆၂၀၄ ကျပ်ရှိခဲ့ပြီး ယခုရက်သတ္တပတ်မှာ၂၇၆၁၇၁ ကျပ်သို့ ဈေးထပ်မံ ကျဆင်း ခဲ့တာတွေ့ရပါတယ်။ တရုတ်ဝယ်လက်ပုံမှန် ရှိပေမဲ့ ဈေးကောင်းမရဘဲ အောက်ဈေးနဲ့သာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။ မန္တလေး-မူဆယ် ကုန်စည် သယ်ယူခမှာ ယခင်ရက်သတ္တပတ်က ပြောင်း၁ ပိဿာ   ကို (၈၇-၈၄) ကျပ်ရှိပြီး ယခုရက်သတ္တပတ်မှာ (၉၃-၈၇) ကျပ်သို့ သယ်ပို့ကားခများ အနည်းငယ်မြင့် တက်သွားကြောင်း သတင်းရရှိပါတယ်။

                                                                          

   မော်မော်အောင် MIRT (DCCA)