ဇန်နဝါရီလ ၂ဝ ရက်ထိ နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ITC ကဒ်နဲ့ ကျပ် ၂၁၆ သန်း ကျော်ဖိုး ကုန်သွယ်မှု ဆောင်ရွက်ပြီးပြီ

Mon, 05/13/2013 - 11:20 -- admin

သောကြာနေ့ ၂၅ ဇန်နဝါရီလ ၂၀၁၃ 14 :25 PM

ကုမ္ပဏီ ထူထောင်ရန် အရင်းအနှီး မတတ်နိုင်သော ဒေသခံ ကုန်သည် လုပ်ငန်းရှင်များ အနေနဲ့ လုပ်သာ ကိုင်သာ ရှိစေရန် တစ်ဦး တည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကဒ် (Individual Trading Card-ITC) များကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က စပြီး တမူး နယ်စပ် ကုန်သွယ်ရေး စခန်း၊ ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်နဲ့ မြဝတီ ကုန်သွယ်ရေး ဇုန်တို့မှ စတင် ထုတ်ပေး နေပြီဖြစ် ပါတယ်။ ဇန်နဝါရီလ ၂ဝ ရက်နေ့ထိ နယ်စပ် အလိုက် itc ကဒ် ထုတ်ပေးနိုင်မှုနဲ့ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ဖော်ပြပေးလိုက် ရပါတယ် -

၂ဝ- ၁- ၂ဝ၁၃ နေ့ထိ itc ကဒ် ထုတ်ပေးမှုနဲ့ လုပ်ငန်းဆောင်ရွက်မှု








              ကျပ်သန်းပေါင်း
စဉ် စခန်း ITC စောင်ရေ ကုန်သွယ်မှု
ပမာဏ
လုပ်ငန်းဆောင်ရွက်မှု
ပို့ကုန် သွင်းကုန်
စောင်ရေ တန်ဖိုး စောင်ရေ တန်ဖိုး
တမူး ၅၆ ၁၁၈.၁၅၄ ၁၃.၀၁၅ ၅၀ ၁၀၅.၅၂၆
မူဆယ် ၉၈ ၉၀.၆၁၅ - - ၅၁ ၉၀.၆၁၅
မြဝတီ ၁၃ ၇.၀၆၃ - - ၇.၀၆၃

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်မှ itc ကဒ် အသုံးပြုပြီး သွင်းကုန် ဆောင်ရွက်တဲ့ ပစ္စည်းတွေ ကတော့ ကားအပို ပစ္စည်းများ၊ ဆံညှပ်၊ ကလစ် စတဲ့ အမျိုးသမီးသုံး အလှကုန် ပစ္စည်းများ၊ အဝတ် အထည်များ၊ ဆောင်းတွင်း ဝတ်ကျား/ မ,ကလေးဝတ် အနွေးထည်များ၊ မြဝတီမှ သွင်းကုန်တွေ ကတော့ တို့စရာ ဒညင်းသီးနဲ့ သရက်သီးစိမ်း တို့ဖြစ်ကြ ပါတယ်။ တမူး နယ်စပ် ကတော့ ပို့ကုန် အနေနဲ့ ပဲပုတ်စေ့၊ ကုလားပဲလုံးဝါနဲ့ မုန်ညှင်းစေ့များ တင်ပို့ခဲ့ပြီး သွင်းကုန် အနေနဲ့ ပိတ်စ အပွင့် ဖော်တဲ့ လက်ရေး ဆိုးဆေးဗူး 3D Outliner ၊ အဝတ်စမှာ ဘော်ကြယ်တပ်တဲ့ 3D Glue ၊ ရွှေရည်စိမ် လက်ကောက်၊ ပလပ်စတစ် လက်ကောက်၊ အိမ်သုံး ကပ်ကြေး၊ ပုဆိုး၊ ပါတိတ်၊ ပိတ်စ၊ စွပ်ကျယ်၊ လက်နှိပ် ဓါတ်မီး၊ တီရှပ်၊ ခေါင်းလျှော်ရည်၊ ဒူးစွပ်၊ ဖနောင့်စွပ် စတဲ့ အိန္ဒိယ နိုင်ငံထုတ် ပစ္စည်းများ တင်သွင်းခဲ့ကြ တယ်လို့ သိရှိရပါတယ်။

စုစုပေါင်း ITC နဲ့ နယ်စပ်စခန်း (၃) ခုမှ ပို့ကုန် ကျပ် ၁၃ ဒသမ ဝ၁၅ သန်း၊ သွင်းကုန် ကျပ် ၂ဝ၃ ဒသမ ၂ဝ၅ သန်း စုစုပေါင်း ကုန်သွယ်မှု ကျပ် ၂၁၆ ဒသမ ၂၂ဝ သန်းခန့် ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ သိရှိရ ပါတယ်။

source : နကသ (မူဝါဒ)ပန်