ကျပ်သိန်း ၅၄၀ ကျော် တန်ဖိုးရှိ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများနှင့် တင်ဆောင်သည့်ယာဉ်အား အကောက်ခွန်အမှုတွဲဖွင့်ထိမ်းသိမ်းအရေးယူ

Thu, 12/11/2014 - 14:03 -- dccaadmin

 

စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများအား  စစ်တောင်းတံတားဟောင်းနဲ့ အသစ်လမ်းဆုံရှိ ညောင်ခါးရှည်မှာ အခြေပြု၍ တာဝန်ထမ်းဆောင် နေသောMobile Team လရ-၂ အဖွဲ့ဟာ ဒီဇင်ဘာလ ၄ ရက်နေ့ ၂၂း၀၀ ချိန်မှာ မြဝတီမှလာတဲ့ ံHino Truckယာဉ်အမှတ်3I/xxxx အား စစ်ဆေးစဉ် တရားမဝင် အကောက်ခွန်မဲ့ပစ္စည်း ခန့်မှန်းတန်ဖိုးကျပ် ၅၄၁ ဒသမ ၅၆၀ သိန်းအား ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရှာဖွေတွေ့ရှိခဲ့သော အကောက်ခွန်မဲ့ပစ္စည်းများ တင်ဆောင်တဲ့ Hino Truck  ယာဉ် ခန့်မှန်းတန်ဖိုးကျပ်သိန်း ၄၀၀ နဲ့ သိမ်းဆည်းရမိ အကောက်ခွန်မဲ့ ပစ္စည်းများအား အကောက်ခွန်လုပ်ထုံးလုပ်နည်း နဲ့အညီ အမှုတွဲဖွင့် ထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိ ပစ္စည်းများမှာEpson Brand နဲ့ Canon Brand Printers ၁၅၀ လုံး၊Electric Pan ၇၅၄ လုံး ၊ ထမင်းပေါင်းအိုး (အကြီး၊ အသေး) ၇၃၂ လုံး၊ ဓါတ်ဘူးများ၊ လျှပ်စစ်မီးပူများ၊Speaker (8'' ၊ 12'') များနဲ့ ဆက်စပ်ပစ္စည်းများ၊  Receiver အသေး ၊Audio Wire တို့ဖြစ်ကြပါတယ်။

                                                                                                DCCA  DCCA