မြိတ်မြို့တွင် အမျိုးသားပို့ကုန် မဟာဗျူဟာရည်မှန်းချက်ပါ ဒေသထွက်ကုန်များ အကောင်အထည်ဖော်ရေးနှင့် ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Thu, 01/14/2016 - 03:18 -- dotadmin

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ စောဂျက်ဟိုတယ်ခန်းမ၌ ဒီဇင်ဘာလ(၂၉) ရက်နေ့တွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ ဖိတ်ကြားထားတဲ့ ဌာနဆိုင်ရာအသီးသီးမှ ပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့ အသီးသီးနဲ့ စိတ်ပါဝင်စားသူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို စောဂျက်ဟိုတယ်ခန်းမတွင် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်နေ့၊ မွန်းလွဲ(၁၃:ဝဝ)နာရီအချိန်တွင် စတင်ခဲ့ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ် ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းမှ အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) လုပ်ငန်းအကြောင်း ကိုလည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်ရေးစခန်း(မြိတ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဖေကြိုင် မှ (AEC)နှင့် ကုန်သွယ်မှုရေးရာလုပ်ငန်းအကြောင်းကိုလည်းကောင်း၊ ခရိုင်ငါး လုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးစိန်သောင်းမှ ရေမြေသယံဇာတ ထိန်းသိမ်းရေးနှင့် ငါးလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အခြေအနေအားလည်းကောင်း၊ ခရိုင်စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်စောရီမှ ရော်ဘာထွက်ကုန်များ ဈေးနှုန်းပိုမိုရရှိရေးကဏ္ဍတို့ကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည် ဖြေကြား ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။