ကုန်သွယ်မှုမြှင့်တင် ရေးဆိုင်ရာ အခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၁၃)သင်တန်းဖွင့်ပွဲအခမ်းအနား

Fri, 05/10/2013 - 03:27 -- admin

training

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ ရုံးအမှတ်(၅၂)တွင် ၁၈.၂.၂၀၁၃ ရက်နေ့ (၉:၃၀)နာရီအချိန်၌ ကုန်သွယ်မှုမြှင့်တင် ရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ်(၂/၂၀၁၃)သင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက်အမှာ စကား ပြောကြားခဲ့ပါသည်။သင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၂၅) ဦးတက်ရောက်ပြီး သင်တန်းကာလ မှာ ရက်သတ္တပတ်(၄)ပတ် ကြာမြင့်မည်ဖြစ် ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရုံးအဖွဲ့မှူး၊ အကြံပေးပုဂ္ဂိုလ်၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများ၊ ကုန်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်နှင့်  ညွှန်ကြားရေးမှူးများ၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး များ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/သူ များ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၁၀:၄၅)နာရီအချိန် တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။