ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီ တိုင်းဒေသကြီး တိုင်းဦးစီးမှူ းမှ စားသုံးသူအကာအကွယ်ပေးရေး ဟောပြောဆွေးနွေးပွဲများ မြို့နယ်များသို့ ကွင်းဆင်းဟောပြောခြင်း

Fri, 12/04/2015 - 15:14 -- ictuser

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူ းရုံးမှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း ပုသိမ်ခရိုင်အတွင်းရှိမြို့နယ် (၇)မြို့နယ် တွင် စားသုံးသူအကာအကွယ်ပေးရေးဟောပြောဆွေးနွေးပွဲများ ပြုလုပ်သွားရန် စီမံဆောင်ရွက်ခဲ့ပါသည်။

          ၎င်းစီမံချက်အရ ၁၈.၁၁.၂၀၁၅ ရက်နေ့တွင် ရေကြည်မြို့နယ်၊အသုတ်မြို့နှင့် ငပိဆိပ်ကျေးရွာ အထက ကေ ျာင်းနှစ်ကေ ျာင်းတွင်လည်းကောင်း၊ ၁၉.၁၁.၂၀၁၅ ရက်နေ့တွင် ကျုံပျော်မြို့နယ်၊ရေစခန်းကျေးရွာ အလကကျောင်းနှင့် အင်းရဲ ကျွန်းကျေးရွာ အလကကျောင်းတို့တွင်လည်းကောင်း၊ ၂၀.၁၁.၂၀၁၅ ရက်နေ့တွင် ကျောင်းကုန်မြို့နယ်၊လှည်းဆိပ် အထကကျောင်းနှင့် ကန်ကြီးထောင့်မြို့နယ်၊ဆပ်ကွင်းကျေးရွာ အထကကျောင်းများ တွင်လည်းကောင်း ၂၃.၁၁.၂၀၁၅ ရက်နေ့ တွင် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာ အထကကျောင်း တွင်လည်းကောင်း စားသုံးသူအကာအကွယ်ပေးရေးဟောပြောဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲများတွင် ဧရာဝတီတိုင်းကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေားရာဦးစီးဌာန တိုင်း ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိဝန်ထမ်းများက စားသုံးသူအကာအကွယ်ပေးရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနများမှ ထုတ်ပြန်ထားသောစားသုံးရန်မသင့် လျော်သော အစားအသောက်၊ ဆီ၊ နှင့်ဆေးဝါးများအကြောင်း ၎င်းတို့တွင်ပါဝင်သော ဓာတုပစ္စည်းများနှင့်ဘေးထွက် ဆိုးကျိုးများ စားသုံးသူအခွင့်အရေးနှင့်ဥပဒေများအား ပစ္စည်းနမူနာများပြသခြင်း ၊ ပရိုဂျက်တာဖြင့်ရှင်းလင်းပြခြင်း တို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဟောပြောဆွေးနွေးကြပြီး ၎င်းဟောပြောဆွေးနွေးပွဲများတွင် ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊မိတ်ဖက်အဖွဲအစည်းများဖြစ်သော သက်ဆိုင်ရာမြို့နယ်များမှစည်ပင်နှင့် ကျန်းမာရေးဌာနမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး လူဦးရေအားဖြင့် ၂၂၄၁ ဦးအားပညာပေးဟောပြောဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။

         ဆက်လက်၍ နိုဝင်ဘာလနှင့်ဒီဇင်ဘာလများအတွင်း ပုသိမ်မြို့နယ်၊ရွှေသောင်ယံမြို့နယ်ခွဲနှင့် ငပုတော မြို့နယ်များသို့သွား ရောက်ကွင်းဆင်းဟောပြောဆွေးနွေးရန် စီမံဆောင်ရွက်လျှက်ရှိပါသည်။