ကုန်သည်လုပ်ငန်းရှင်များအနေနဲ့တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိအောင် ပြန်လည်အသိပေး ပြောကြားစည်းရုံးပေးကြရန်လိုအပ်

Thu, 12/20/2012 - 08:28 -- Anonymous (not verified)

ကုန်သွယ်မှုမြှင့်တင်ရေးအတွက် နိုင်ငံတော်မှ ဖြေလျော့မှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသလို ကုန်သည်လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများအသင်းတို့မှ ပို့ကုန်အမယ်များ ပိုမိုတိုးမြှင့်တင်ပို့ကြစေလိုကြောင်း၊ တစ်ပိုင်တစ်နိုင်ကုန်သည်ငယ်များ တရားဝင် လမ်းကြောင်းပေါ်မှ ရောင်းဝယ်ဖောက်ကားနိုင်ရန် Individual Trading Card စနစ်ကိုလည်း မကြာမီဆောင်ရွက်ပေးတော့မှာဖြစ်ကြောင်း၊ ကုန်သည် လုပ်ငန်းရှင်များ ခရီးစရိတ်နှင့် အချိန်ကြန့်ကြာမှု မရှိစေရန် Automatic license စနစ်ဖြင့် သွင်းကုန်ပစ္စည်းအမယ် ၅၉၅ မျိုးထိ တင်သွင်းခွင့်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များ မှလည်း နိုင်ငံတော်နဲ့ မိမိတို့ ရေရှည်အကျိုးစီးပွားဖြစ်ထွန်း စေရန် တရားဝင် လမ်းကြောင်းပေါ်မှာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ကော့သောင်း နယ်စပ်စခန်း ကုန်သည်ကြီး အသင်း အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ နိုဝင်ဘာလ ကုန်သွယ်မှုမြှင့်တင်ရေး     အစည်းအဝေးမှာ ကော့သောင်း နယ်စပ် ကုန်သွယ်ရေး စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်မှ ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဆက်လက်ပြီး နိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးမှုနဲ့ စားသုံးကုန်ဖူလုံရေးကို ထိခိုက်စေနိုင်တဲ့ အေးခဲအမဲသားများ တရားမဝင် တင်ပို့မှုနှင့်ပတ်သက်ပြီး မိမိနိုင်ငံအတွင်း ကွဲျနွားများ ဖူလုံစွာ မွေးမြူနိုင်ပြီးမှသာ တရားဝင် တင်ပို့မှုကို စိစစ်ခွင့်ပြုသွားမယ်လို့လည်း စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ တရားမဝင် လမ်းကြောင်းများမှ ဖြတ်သန်း သွားလာပြီး တရားမဝင် တင်ပို့နေတဲ့ ကုမ္ပဏီများကို တရားဝင်လမ်းကြောင်းပေါ်ရောက်အောင် တဆင့်ပြန်လည် အသိပေးပြောကြား စည်းရုံးပေးကြရန်နှင့် ကုန်သွယ်မှုပိုင်း ဆိုင်ရာအခက်အခဲများ ရှိပါက အချိန်မရွေး တင်ပြကြရန် ဖိတ်ခေါ်ပါကြောင်းလည်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

Source: နကသ(ကသ)