ဘင္ဂလားဒေ့ရှ်နိုင်ငံရှိ စိုက်ပျိုးမြေဆီလွှာ စစ်ဆေးပြုြပင်ရန် ဂျာမဏီက နည်းပညာအကူအညီ ရရှိမည်ဟု စိုက်ပျိုးရေးဝန်ကြီးပြောကြား

Tue, 04/25/2023 - 04:41 -- DotBorderdep

ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာAbdurRazzaque က ဂျာမန်စီးပွားရေးလုပ်ငန်းရှင်များသည် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရန် ဂြိုလ်တုနည်းပညာဖြင့် မြေဆီလွှာအရည်အသွေးစစ်ဆေးပြုပြင်ခြင်းပြုလုပ်နိုင်ရေးဘင်္ဂလားဒေ့ရှ်ကိုကူညီပေးမည်ဖြစ်ကြောင်းပြောကြားထားသည်ကို Dhaka Tribuneသတင်းတွင် ရေးသားဖော်ပြထားသည်။

ဂျာမနီနိုင်ငံ၊ဘာလင်မြို့၌ စိုက်ပျိုးရေးမဟာမိတ်အဖွဲ့နှင့် ထိပ်တန်းစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီးနောက် စိုက်ပျိုးရေးဝန်ကြီးဒေါက်တာAbdurRazzaqueက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေးဝန်ကြီးကအဆိုပါအစည်းအဝေးတွင် ပိုမိုကောင်းမွန်သောလူနေမှုဘဝထူထောင်ရေး၊ကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေးအလေ့အကျင့်ကောင်း (GAP) အကောင်အထည်ဖော်ရေးနှင့် လယ်ယာထွက်ကုန်များပံ့ပိုးကူညီရေးစသည့်ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်းသိရှိရ သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့်ရှ်နိုင်ငံအတွင်းရှေ့ပြေးအစီအစဉ်များကိုမကြာမီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားထားသည်ဟုရေးသားဖော်ပြထားသည်။

https://www.dhakatribune.com/longform

International Trade News

Pages

Border Trade News

Pages