ထိုင်းစျေးကွက်တွင် ကင်းမွန်ခြောက်စျေးကောင်းရရှိ

Thu, 02/02/2023 - 05:54 -- DotBorderdep

           မြိတ်၊ ထားဝယ်ဒေသတို့မှ ထွက်ရှိသည့် ကင်းမွန်များကို အေးခဲပြီး တင်ပို့မှုများရှိသကဲ့သို့ ကင်းမွန် အခြောက်ပြုလုပ်၍ ပြည်တွင်းသာမက ပြည်ပသို့ တင်ပို့လျက်ရှိသည်။

          ကင်းမွန်များကို ပြုတ်၍ အခြောက်ပြုလုပ်သည့်စနစ်နှင့် သဘာဝအတိုင်း သန့်စင်ပြီး နေလှန်း အခြောက်ပြုလုပ်သည့်စနစ်တို့ဖြင့် အခြောက်ပြုလုပ်ကြပြီး သဘာဝအတိုင်း သန့်စင်ပြီး နေလှန်းအခြောက် ပြုလုပ်သည့် ကင်းမွန်အခြောက်က ပိုပြီးဈေးကောင်းရရှိကြောင်း လေ့လာသိရှိရသည်။

          လက်ရှိတွင် မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံဘက်သို့ ကင်းမွန်အခြောက်နှင့် အေးခဲ ကင်းမွန်တို့ကို တင်ပို့မှုများရှိသည်ကို တွေ့ရှိရသည်။ လက်ရှိပေါက်ဈေးအနေဖြင့် အေးခဲကင်းမွန် (1) KG လျှင် အရွယ်အစားပေါ်မူတည်၍ ဘတ်(၁၃၀)မှ ဘတ်(၁၆၃) အကြား ဈေးရရှိပြီး သဘာဝအတိုင်း သန့်စင် ပြီး နေလှန်းအခြောက် ပြုလုပ်သည့် ကင်းမွန်အခြောက် (1) KG လျှင် (၅၇၀.၆) ဘတ်အထိ ဈေးကောင်းရရှိ ကြောင်း သိရှိရသည်။

Border Trade News

Pages