တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Tue, 04/23/2024 - 04:33 -- bordertrade

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၆-၄-၂၀၂၄ မှ ၁၂-၄-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၆,၇၆၁.၈၇၄) တန်၊ တန်ဖိုး (၁.၅၂၃) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၃၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၈၃) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၃.၂၀၀)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ကြက်သွန်နီ (၄၈.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၅၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ ထောပတ်သီး (၅.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ စကျင်ကျောက် (၇.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၀၁) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၀၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်းနှင့်  ပလတ်စတစ်ဖြတ်စ (၂၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၁) အပါအဝင် ပို့ကုန် တန်ဖိုး (၁.၆၉၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁)သိန်းလျှင် (၉၅၅.၀၀၈) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၆-၄-၂၀၂၄ မှ ၁၂-၄-၂၀၂၄) တွင် ဓာတ်ဆီ (၂,၀၉၃) BBL ၊ တန်ဖိုး (၀.၂၀၆) ဒေါ်လာသန်း၊ ဒီဇယ် (၃,၉၃၀) BBL ၊ တန်ဖိုး (၀.၄၁၉) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၈၀) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၃၈၅) ဒေါ်လာသန်း၊ ဆောက်လုပ်ရေး ပစ္စည်းများ (၀.၁၉၅) ဒေါ်လာသန်း၊ MIXED LPG GAS (၀.၀၀၉) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၂၀) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၂) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၂၀) ဒေါ်လာသန်း၊ တာယာ (၀.၀၀၅) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၃၇) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၇၉) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၁.၅၆၇) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

Border Trade News

Pages