ကော့သောင်းကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 02/20/2024 - 05:48 -- mocadmin

   ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိက တင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများ မှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်နှင့် ဆီအုန်းတို့ဖြစ်သည်။

   ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာ ငါးပုလွေ ၂၁၅.၅၅ တန်၊ ငါးနီငယ်၈၅.၇၁၀ တန်၊ ဘေးဝါ ၇၆.၄၀၀ တန်၊ ကြိမ်မွေ့ဒေါင်း ၂၀.၁၆၀ တန်၊ တာတို ၆၃.၃၆၀ တန်၊ ကင်းမွန် ၉၁.၈၆၀ တန်၊ ငါးဝိုင်း ၈.၀၀၀ တန်၊ ဆင်နင်း ၂၈.၄၈၀ တန်နှင့် ပါကင် ၈၅၉.၆၃၀ တန်တို့ဖြစ်ပါသည်။

   အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာ ကြွေပြား ၂၈၁၉၁.၅၈၂ စတုရန်းမီတာ၊ ဖိနပ် (၂၅၅၆၀၀) ရံ၊ ကွန်ပျူတာဆက်စပ်ပစ္စည်း ၄၀ ခု၊ သံပေပါ ၁၄၀၀ လုံး၊ လူသုံးကုန်ပစ္စည်း ၉၃.၇၄၆ တန်၊ အိမ်ဆောက်ပစ္စည်း ၁၅၇၄.၀၀ တန်၊ ဘိုထိုင်အိမ်သာ ၃၂၄၀ ခု၊ စားသောက်ကုန်ပစ္စည်း ၄၄.၉၆၄ တန် တို့ဖြစ်ကြောင်း သိရှိရသည်။

DOT (ကော့သောင်း)

Border Trade News

Pages