ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Tue, 04/23/2024 - 04:25 -- bordertrade

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ၉ရက်နေ့မှ ၁၃ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၁၇၉.၇၈၅)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂.၁၀၃)သန်းနှင့်သွင်းကုန်(၂၇၁၃.၈၃၅)တန်၊(၃၃၃၄)U၊ (၂၁၇၅၈.၂၂၀)M2၊ (၇၅၀) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၀၆၂)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာ (၃.၁၆၅)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

                    ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ၉ရက်နေ့မှ ၁၃ရက်နေ့အထိရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၂၄၅၁.၂၃၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၉၅၈)သန်း၊ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် (၅၇၈.၅၅၁)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၁၃၀)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင်(၁၅၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၁၅)သန်းတင်ပို့နိုင်ခဲ့ပါသည်။ပို့ကုန်တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာပြောင်းသီးနှံအားတစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကိုပင်လယ်ရေကြောင်းရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်းကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့အထိနယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှရနောင်းသို့ ပြောင်းတန်ချိန်(၁၅၂၉၄.၂၂၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃.၄၈၇)သန်းအားတင်ပို့နိုင်ခဲ့ပါသည်။ယခုတစ်ပတ်အတွင်းငါးဈေးနှုန်းများမှာအောက်ပါအတိုင်းဖြစ်ပါသည် -

          စဉ်      အမည်        အရေအတွက်  ဈေးနှုန်း

          (၁)     ပလာလန်း     ၁ ကီလိုဂရမ်   ၁.၁၀၀ဒေါ်လာ

          (၂)     ပလာတူး       ၁ ကီလိုဂရမ်   ၀.၉၈၀ ဒေါ်လာ

          (၃)     တာဝမ်(100-200 gm) ၁ ကီလိုဂရမ်   ၀.၉၀၀ဒေါ်လာ

          (၄)     ဘောင်းကြေး  ၁ ကီလိုဂရမ်   ၀.၉၀၀ဒေါ်လာ

          (၅)     ပါကင် ၁ ကီလိုဂရမ်   ၀.၄၅၀ဒေါ်လာ

          (၆)     ကင်းမွန်(8cm down) ၁ ကီလိုဂရမ်   ၁.၇၉၀ဒေါ်လာ

          (၇)     ကင်းမွန်(8-12 cm)    ၁ ကီလိုဂရမ်   ၂.၁၀၀ဒေါ်လာ

         သွင်းကုန်ပိုင်းအနေဖြင့်၂၀၂၄ ခုနှစ်၊ဧပြီလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် (၁၁၁၂.၉၄၄)တန်၊ (၃၁၃၄)U၊ (၂၁၅၇၈.၂၂)M2၊တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၂၄၉) သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် (၁၆၉.၉၆၉) တန်၊ (၂၀၀)U၊ (၇၅၀)BBL၊ တန်ဖိုးအမေရိကန် ဒေါ်လာ(၀.၂၁၈)သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် (၁၄၃၀.၉၂၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၅၉၅)သန်းတင်သွင်းခဲ့ပါသည်။

             ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကိုသက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၁၃-၄-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁)သိန်းလျှင် (၉၆၁.၅၀) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ(၁၀၄)ကျပ်ခန့် (၁၂-၃-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၄၁၇၅) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၄၄၀၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Border Trade News

Pages