ဥရောပကြွေးမြီသဘောတူညီချက်ကို ကမ္ဘာ့ဘဏ်ကကြိုဆို

Fri, 10/28/2011 - 14:43 -- Anonymous (not verified)

ဥရောပကြွေးမြီအကျပ်အတည်းကို ထိန်းချုပ်ဖို့အတွက် ဥရောပခေါင်းဆောင်များက ဆောင်ရွက်ခဲ့တဲ့ သဘောတူညီချက်ကို ကမ္ဘာ့ဘဏ်အကြီးအကဲ ရောဘတ်ဇိုး လစ်က ကြိုဆိုပါတယ်။ ဒီသဘောတူညီချက်ကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုရဲ့ တစ်ဝက်ကိုဖြည့်ဆည်းပေးနေတဲ့ ထွန်းသစ်စဈေးကွက်များသို့ ဘဏ္ဍာရေးက သောင်းကနင်း ဖြစ်မှုပြန့်နှံ့မသွားအောင် အထောက်အကူဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။