ယာဉ်အိုယာဉ်ဟောင်းအပ်နံှ၍ အထူးပါမစ် ထုတ်ပေးခြင်း

Wed, 04/24/2013 - 07:56 -- admin

           ယာဉ်အိုယာဉ်ဟောင်း အပ်နံှပြီး အထူးသွင်းကုန်ပါမစ် ထုတ်ပေးရာတွင် ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနတွင် အပ်နံှသည့် မော်တော်ကားအမိုျးအစား (လူစီးကားအပ်နံှပါက လူစီးကား(၁) စီး၊ Truck ကားအပ်နံှပါက Truck ကား (၁) စီး၊ Bus ကားအပ်နံှပါက Bus ကား (၁) စီး) ဖြင့် Model Year 1996 ခုနှစ်မှ 2006 ခုနှစ်အထိ ထုတ်လုပ်သော ယာဉ်များအား ဘယ်မောင်း/ညာမောင်းမခွဲခြားဘဲ ခွင့်ပြုပေး လျှက်ရှိပါသည်။

             Engine Power 1300 CC အောက် ယာဉ်များအား မည်သည့်ယာဉ်အုပ်စုမဆို Model Year 1997 ခုနှစ် မှ Model Year 2012 အထိ Model Year မခွဲခြားဘဲ (CIF) တန်ဖိုး USD-5000 ဖြင့် ခွင့်ပြုပေးလျှက်ရှိပြီး 2013 Model Year ဖြင့် လျှောက်ထားမည်ဆိုပါက လက်ရှိ ပေါက်ဈေးနှုန်းအတိုင်း လျှောက်ထားရမည်။

       သတ်မှတ်အုပ်စုတွင် မပါဝင်ဘဲ Brand Name အသစ်ဖြင့် လျှောက်ထားမည်ဆိုပါက One Stop Service အစည်းအဝေးသို့ တင်ပြပြီးမှသာခွင့်ပြုထုတ်ပေး မည် ဖြစ်ပါသည်။

             နံပါတ်အနီ (Taxi) အဖြစ် ဆောင်ရွက်မည်ဆိုပါက မည်သည့်အက0x081ခရာမဆို အပ်နံှနိုင်ပြီး နံပါတ်အနီ (Taxi) အဖြစ်သာ ဆောင်ရွက်ခွင့်ပြုသည်။ Bus (ခရီး သည်တင်ယာဉ်) ယာဉ်အိုယာဉ်ဟောင်း အစားထိုးအပ်နံှ တင်သွင်းမှု၌ Mini Bus၊ City Bus၊ Express Bus များအား ဘယ်မောင်း/ညာမောင်း မခွဲခြားဘဲ Model Year 1997 မှ Model Year 2007 အထိ ခွင့်ပြုပေးလျှက်ရှိပါသည်။