ဝယ်လိုအား ကောင်းတာကြောင့်မလေးရှားစားအုန်းဆီဈေး မြင့်တက်

Mon, 11/14/2011 - 09:39 -- Anonymous (not verified)

ဝယ်လိုအားကောင်းပြီး လက်ကျန်စားအုန်းဆီပမာဏ  ကျဆင်းမှုကြောင့် မလေးရှား စားအုန်းဆီကြမ်းဈေး ၃ လ အတွင်း အမြင့်ဆုံးကို မြင့်တက်ခဲ့ပါတယ်။ လာမယ့်လများမှာ စားအုန်းဆီအထွက်လျော့ကျဖွယ် ရှိတာကြောင့်လည်း ဈေးအတက် ဘက်  ဦးတည်လာတာဖြစ်ပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလအခြေခံစံနှုန်းကြိုပွိုင့်ဈေးဟာ သြဂုတ်လ ၃ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်တဲ့ တစ်တန် ရင်းဂစ် ၃၁၃၀ (ကန်ဒေါ် လာ ၉၉၄) ကို မြင့်တက်ခဲ့ပါတယ်။