လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ကို စတင်ဆွေးနွေးတော့မည့် တရုတ်နှင့် တောင်ကိုရီးယား

Wed, 05/09/2012 - 06:05 -- Anonymous (not verified)

လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်အတွက် တရုတ်နဲ့ တရားဝင်ဆွေးနွေးမှုကို စတင်တော့မှာဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားလိုက်တယ်။ ၎င်းဆုံးဖြတ် ချက်ကို ပေကျင်းမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးများ တွေ့ဆုံပြီးနောက် ကြေညာခဲ့ခြင်းဖြစ်တယ်။ အာရှရဲ့ စီးပွားရေး အင်အားအကြီးဆုံးနဲ့ ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေးအင်အား ကြီးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားက မကြာခင် ပထမအကြိမ် ဆွေးနွေးခြင်းကို စတင်ဖို့နဲ့ ဆောလျင်စွာ အပြီးသတ်နိုင်ရေးကို သဘောတူညီခဲ့တယ်။
၂၀၁၁ ခုနှစ်မှာ တရုတ်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ကုန်သွယ်ရေးက  ကန်ဒေါ်လာ ၂၄၅ ဒသမ ၆ ဘီလီယံ ရောက်ရှိခဲ့ကြောင်း အစိုးရရဲ့ ကိန်းဂဏန်းတွေအရ သိရှိရပါ တယ်။ တရုတ်က တောင်ကိုရီးယားရဲ့  အများဆုံးကုန်သွယ် ဖက်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က တောင်ကိုရီးယား စုစုပေါင်း တင်ပို့မှုရဲ့  ၂၄ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရှိရတယ်။ အလားတူပဲ ၂၀၁၁ ခုနှစ်က တောင်ကိုရီးယားက တရုတ်ရဲ့ စတုတ္ထမြောက် အများဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အေးမွန်မွန်လှိုင်
Source:washingtonpost.com