ယခုအပတ် မတ်ပဲတင်ပို့မှုပြန်လည်တိုးတက်

Wed, 07/11/2012 - 06:36 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်က တစ်သောင်း အောက်ကိုလျော့ကျခဲ့ရာမှ ယခုတစ်ပတ်မှာ ပြန်လည်တိုးတက် လာခဲ့ပါသည်။ဇွန် ၁၈ မှ ၂၂ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၃၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ယခင်သီတင်း ၂ ပတ်ခန့်က ပြည်ပအဝယ်လျော့ခဲ့ရာမှ ယခုနောက်ပိုင်းမှာ ဝယ်လိုအား ပြန်ကောင်းလာတဲ့အတွက် တင်ပို့မှုပြန်တက်လာခြင်း ဖြစ်ပါသည်။ ယခု ဘဏ္ဍာနှစ် ဇွန်၂၂ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၇၃၀၀၀ ခန့် ရှိပြီး ကန်ဒေါ်လာ ၉၃သန်းကျော် ဝင်ငွေရရှိကြောင်း သိရပါသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ မတ်ပဲတန်ချိန် ၁၇၀၀၀၀ကျော် တင်ပို့ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၅၅ သန်းနီးပါး ရရှိခဲ့လို့ ယခုနှစ်မှာ တင်ပို့တဲ့ ပမာဏပိုမိုပေမဲ့ ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ သန်းပေါင်း ၆၀ ကျော်လျော့နည်းတာတွေ့ရပါသည်။ လာမယ့်သီတင်း ပတ်တွေမှာလည်း တင်ပို့မှုအားကောင်းဖွယ်ရှိပါသည်။