မေလ မတ်ပဲတင်ပို့မှု

Fri, 06/15/2012 - 09:00 -- Anonymous (not verified)

မေလ မတ်ပဲတင်ပို့မှု
ယခုနှစ် မေလအတွင်း မတ်ပဲတင်ပို့မှုမှာ စံချိန်သစ်တင် တိုးတက်ခဲ့ပါသည်။ ဧပြီလတစ်လလုံးတွင် မတ်ပဲတန်ချိန် ၄၂၀၀၀ ကျော်တင်ပို့ခဲ့ပြီး၊ မေလတစ်လလုံးတွင် တန်ချိန် ၉၀၀၀၀ ကျော်အထိ တင်ပို့မှုမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ယခင်နှစ် မေလအတွင်းမှာလည်း မတ်ပဲတင်ပို့မှု တန်ချိန် ၈၅၀၀၀ နီးပါးထိ မြင့်တက်ခဲ့သော်လည်း ယခုနှစ် စံချိန်သစ်တင် တိုးတက်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
အပတ်စဉ် တင်ပို့မှုအနေနှင့် ယခင်သီတင်းပတ်တွင် တန်ချိန် ၁၉၀၀၀ ကျော် တင်ပို့မှုရှိခဲ့ရာမှ မေ ၂၈ ရက်မှ ဇွန် ၁ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၈၀၀၀ နီးပါး တင်ပို့ခဲ့ကြောင်း သိရပါသည်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁ ရက် အထိ စုစုပေါင်း မတ်ပဲတင်ပို့ပြီးစီးမှုအနေနှင့် တန်ချိန် ၁၃၅၀၀၀ ကျော်ရှိပြီး ဝင်ငွမှာ ကန်ဒေါ် လာ ၇၃ သန်းကျော်ရရှိခဲ့သဖြင့် ယခင်နှစ် ကာလတူတင်ပို့ခဲ့သော တန်ချိန် ၁၁၆၀၀၀ ကျော် တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေ ကန်ဒေါ်လာ ၁၀၈ သန်းခန့်နှင့်ယှဉ်လျှင် တင်ပို့မှုပမာဏ မှာ ယခုနှစ်တန်နှစ်သောင်းခန့် ပိုမိုရရှိသည့်ဝင်ငွေ ကန်ဒေါ်လာသန်း ၃၀ ကျော် လျော့နည်းကြောင်းတွေ့ရပါသည်။ လာမည့်အပတ်တွင် ပုံမှန်တင်ပို့နိုင်မည်ဟု ခန့်မှန်း ရပါသည်။